Connect with us

Science & Technology

အထက်မြန်မာပြည်အတွက် ဓာတ်အားဖြန့်ဖြူးနိုင်မည့် ဗန်းမော်-နဘား မဟာဓာတ်အားလိုင်း မကြာမီဖွင့်လှစ်မည်

ဗန်းမော်-နဘား မဟာဓာတ်အားလိုင်း အားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

အထက်မြန်မာပြည်အတွက် ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်မည့် ၁၀၀ အမ်ဗွီအေ တီအီးဖြင့် လည်ပတ်သော ၂၃၀ ကေဗွီ ဗန်းမော်-နဘား မဟာဓာတ်အားလိုင်း မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။  

ကချင်ပြည်နယ် ဗန်းမော်ဓာတ်အားခွဲစက်ရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားဓာတ်အားခွဲစက်ရုံနှင့် ဗန်းမော်-နဘား မဟာဓာတ်အားလိုင်းကို  ၁၇-၁၂-၂၀၁၇ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။

ယခင်က ကျောက်ပုထိုးဓာတ်အားလိုင်း ၆၆ ကေဗွီ အသုံးပြုခဲ့ရာ ယခုအခါ ၂၃၀ ကေဗွီ အုန်းတော-ရွှေဘို-နဘားမဟာဓာတ်အားလိုင်း နှင့် ၂၃၀ ကေဗွီ ဗန်းမော်-နဘား မဟာဓာတ်အားလိုင်းများသွယ်တန်း ပြီးစီးနေပြီဖြစ်သဖြင့် ဓာတ်အားများ စမ်းသပ်ပို့လွှတ်နေပြီ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။  (Xinhua)