ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်း ကျားများ ကျင်လည်ကျက်စားသည့် နယ်မြေ၏ ရှစ်ရာခိုင်နှုန်းအတွင်း အနည်းဆုံး ကျား ၂၂ ကောင် ရှင်သန်ကျက်စားလျက်ရှိကြောင်း သစ်တောဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ထမံသီဘေးမဲ့တောကို အာဆီယံအမွေ အနှစ်ဥယျာဉ် (ASEAN Heritage Park – AHP) အတည်ပြု သတ်မှတ်လိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် အောက်တိုဘာ ၇ ရက်မှ ၁၀ ရက်အတွင်း ပြုလုပ်သည့် (၁၅) ကြိမ်မြောက်...
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးရှိ တောင်သူများအနေဖြင့် ချေးငွေအဆိုပြုလွှာများကို အချိန်မီတင်ပြနိုင်ရေးအတွက် မိမိတို့ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ချေးငွေစိစစ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ကြပါရန် တောင်သူလယ်သမားများသို့ အသိပေးကြေညာချက်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် မြေအသုံးပြုခွင့်လျှောက်ထားသူများအနေဖြင့် လျှောက်ထားကာလမှာ (၁)လ အတွင်း ဖြစ်သည့်အတွက် လျှောက်လွှာဝယ်ယူရန် စိတ်ပူပန်စွာ စောင့်ဆိုင်း၊ ဆောင်ရွက်ရန်မလိုဘဲ စည်းကမ်းချက်များ၊ မြေကွက်တည်နေရာများကို သေချာဖတ်ရှု၍ ကြိုတင်စဉ်းစားလေ့လာပြီးမှ လျှောက်လွှာဝယ်ယူပါက ပိုမိုအဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မြေစီမံခန့်ခွဲမှုကော်မတီက အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့လယ်ခေါင်ရှိ လူသွားလာမှု များပြားသည့် လမ်းအိုဟောင်း တစ်လျှောက် ဖြတ်လျှောက် လိုက်လျှင်ပင် ပျံ့လွင့်နေသည့် လက်နှိပ်စက် စာရိုက်သော အသံများကို ကြားမိရင်း တစ်ချိန်တစ်ခါက ခေတ်စားခဲ့သော လက်နှိပ်စက် များ၏ ရွှေခေတ်ဆီသို့ ပြန်လည် သတိရမိစေခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်မြို့သစ် စီမံကိန်း မူလမြေပိုင်ရှင်များသို့ မြေ ၂၀ ရာခိုင်နှုန်းအား ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကိုကျင်းပခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများ သွားလာလိုမှုအပေါ် လေ့လာချက်အရ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများ သွားလာမှုအတွက် မော်တော်ယာဉ်များ ငှားရမ်းစီမံထားခြင်း၊ မော်တော်ယာဉ် အသင်းများမှလည်း ယာဉ်လက်မှတ်များကို Online မှ ရောင်းချသော စနစ်ဖြင့် ကြိုတင်ရောင်းချပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး...
ရန်ကုန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) ၁၄၅ နှစ်မြောက် ကမ္ဘာ့ စာပို့တိုက်နေ့ ( WORLD POST DAY ) အထိမ်းအမှတ် ၂၀၀ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ် ခေါင်းသစ်တစ်မျိုးအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ အောက်တို ဘာ ၉ ရက်တွင်...
ရန်ကုန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများမှ ပြည်တွင်းရှိ ၎င်းတို့မိသားစုဝင်များထံ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ လွှဲပြောင်းပေးပို့ခဲ့သည့် လွှဲငွေပမာဏသည် အမေရိကန်ဒေါ်လာ ၅၂၆ ဒသမ၆၈၅ သန်းရှိကြောင်း နှင့် ငွေလွှဲသူ စုစုပေါင်းဉီးရေမှာ ၅၅၆,၁၄၈ ဉီးထိ ရှိခဲ့ကြောင်း အလုပ်သမား...
ရန်ကုန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) နိုင်ငံ တစ်ဝှမ်းရှိ ကားပုံစံငယ် စုဆောင်းသူ ဝါသနာရှင်များ ဆုံစည်းပွဲ နှင့် စုပေါင်း ပြပွဲကို ယနေ့ အောက်တိုဘာ ၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။