Connect with us

Social

သံဃာအပါး သုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မန္တလေးမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ

ဆွမ်းးဆန်စိမ်း လောင်းလှူပွဲအား မန္တလေးမြို့၌ ကျင်းပစဉ် (ဓါတ်ပုံ-MOI )

ရန်ကုန်၊ဒီဇင်ဘာ ၈ရက် (ဆင်ဟွာ)

ထိုင်-မြန်မာ ချစ်ကြည်ရေး သံဃာအပါး သုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မန္တလေးမြို့၊ ချမ်းမြေ့သာစည် လေယာဉ်ကွင်းအတွင်း၌ ဒီဇင်ဘာ ၈ရက် နံနက်အစောပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပထမအကြိမ်အဖြစ် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၂၀ရက်တွင် သံဃာအပါး ၁သောင်းဖြင့်လည်းကောင်း ၊ဒုတိယအကြိမ်အဖြစ် ၂၀၁၈ခုနှစ် ဇန်နဝါရီ ၂၁ရက်တွင်  သံဃာအပါး ၂သောင်းဖြင့် လည်းကောင်း ၊တတိယအကြိမ်အဖြစ် ယခုနှစ် ဒီဇင်ဘာ ၈ရက်တွင် တတိယအကြိမ်အဖြစ် သံဃာအပါး ၃သောင်းဖြင့်လည်းကောင်း စည်းကားသိုက်မြိုက်စွာ အသီးသီး ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.