Connect with us

Social

ရန်ကုန်တက္ကသိုလ်ရာပြည့်အကြို စာအုပ်ပြပွဲနှင့် အရောင်းပွဲတော် ကျင်းပလျက်ရှိ

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းတို့ ပူးပေါင်းကျင်းပစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်

ဖြန့်ချိသူများအသင်းတို့ ပူးပေါင်းကျင်းပသည့် ရန်ကုန်တက္ကသိုလ်ရာပြည့်အကြို စာအုပ်ပြပွဲနှင့် အရောင်းပွဲတော်ကို ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းမှ စတင်ပြီး ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

စာအုပ်ပြပွဲနှင့် အရောင်းပွဲတော်တွင် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်းအလုပ်အမှုဆောင် ကိုအောင်ကျော်မိုးက လူငယ်များ

စာအုပ်စာပေများကို လေ့လာနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားလာစေ ရန်၊ ရှေးဟောင်းစာအုပ်များနှင့် အခြားသောဘာသာရပ်ဆိုင်ရာ စာအုပ်များကို တစ်နေရာတည်းတွင် ဝယ်ယူဖတ်ရှုနိုင်စေရန်နှင့် စာပေဖွံ့ဖြိုးတိုးတက်ရေး အတွက် စာအုပ်ထုတ်ဝေသူများက ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ အကျိုးရှိစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

စာအုပ်ပြပွဲနှင့် အရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း ၁၂၁ ခန်း ဖွင့်လှစ်ပြသ ရောင်းချလျက်ရှိရာ စာပေချစ်မြတ်နိုးသူပရိသတ်များအတွက် ဘာသာရပ်မျိုးစုံ စာအုပ်များ၊ သုတရသအဟောင်း/အသစ်၊ လုံးချင်းဝတ္ထုတို၊ ဝတ္ထုရှည်စာအုပ် များ၊ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဆိုင်ရာ သုတ၊ ရသစာအုပ်များ၊ ရှားပါးရှေးဟောင်းစာအုပ်များ၊ မြန်မာတိုင်းရင်းသားကျောက်စာများစာအုပ်၊ ပါရဂူဘွဲ့ကျမ်းများ၊ ဆေးပညာရပ်ဆိုင်ရာစာအုပ်များ၊ အင်္ဂလိပ်/မြန်မာအဘိဓာန်စာအုပ်များ၊ ပုံပြင်စာအုပ်မျိုးစုံ၊ ကာတွန်းကလေး စာပေစာအုပ်များ၊ သိပ္ပံစာအုပ်များ၊ ပဟေဠိစာအုပ်များ၊ ကဗျာစာအုပ်များကိုအဓိပတိလမ်းမပေါ် 

 

စာအုပ်ပြပွဲနှင့် အရောင်းပွဲတော်တွင် စာအုပ်များကို ဈေးနှုန်းချိုသာစွာဖြင့် ရာခိုင်နှုန်းလျှော့ ရောင်းချပေးသောကြောင့် စာပေချစ်မြတ်နိုးသူများ ဝယ်ယူ အားပေးလျက်ရှိပြီး ယနေ့မှ ဒီဇင်ဘာ ၈ ရက်အထိ ခင်းကျင်းပြသရောင်းချ သွားမည်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.