Connect with us

Social

မြန်မာနိုင်ငံက ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်ရွေးချယ်ခံရ

သတင်းထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--Myanmar Embassy Paris)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံသည် ယူနက်စကိုဒေသဆိုင်ရာ အုပ်စုများအနက် အာရှပစိဖိတ်အုပ်စုမှဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ မဲပေးပိုင်ခွင့်ရှိသည့် အဖွဲ့ဝင် ၁၈၀ အနက် ၁၄၂ နိုင်ငံ ၏ ထောက်ခံချက်ဖြင့် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

၂၀၁၉ခုနှစ် ၊ နိုဝင်ဘာလ ၁၂ ရက် မှ ၂၇ ရက် အထိ ကျင်းပပြုလုပ်လျက်ရှိသည့် အကြိမ် ၄၀မြောက် ယူနက်စကိုအထွေထွေညီလာခံတွင်ယူနက်စကိုအလုပ်အမှုဆောင်အဖွဲ့ ဝင်နေရာများအား ရွေးကောက်ပွဲ ကို နိုင်ဝင်ဘာ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို) ၌ အဖွဲ့ဝင်အဖြစ် ၁၉၄၉ ခုနှစ်၊ ဇွန်လမှစတင်၍ ပါဝင်ခဲ့ရာ နှစ်ပေါင်း ၇၀အတွင်း ပထမဆုံးအကြိမ် ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့ဝင်နေရာသို့ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.