Connect with us

Social

ငှက်ခါးပုံ ၁၀၀ ကျပ်တန်အစဉ်သုံး စာပို့တံဆိပ်ခေါင်းအသစ် အား ဒီဇင်ဘာ ၁၂ ရက်မှ စတင်ရောင်းချပေးသွားမည်

ငှက်ခါးပုံ တံဆိပ်ခေါင်းသစ်အားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) 

 

ငှက်ခါးပုံ ၁၀၀ ကျပ်တန် အစဉ်သုံး စာပို့တံဆိပ်ခေါင်းသစ်အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် နတ်တော်လပြည့်ကျော် (၁)ရက် (ကြာသပတေးနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော် ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။ 

အထူး အစီ အစဉ် တစ်ရပ်အနေ ဖြင့် နေပြည်တော် ဗဟို စာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး နှင့် မန္တလေး စာတိုက်ကြီး တို့၌ ဒီဇင်ဘာ ၁၂ ရက်တွင် ဝယ်ယူသော စာပို့ တံဆိပ်ခေါင်းများနှင့် ပထမနေ့ စာအိတ် (Firstday Cover) များ ပေါ်တွင် နေ့စွဲအမှတ် အသား တံဆိပ်ရိုက်နှိပ် ပေးမည်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။   (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.