ရန်ကုန၊် ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) နိုင်ငံတကာ၌ စားဖိုမှူးပညာရပ်ကို သင်ရိုးညွှန်းတမ်းစာအုပ်များဖြင့် သင်ကြားပေးလျက်ရှိသော်လည်း မြန်မာနိုင်ငံ၌ယင်းကဲ့သို့ သင်ရိုးညွှန်းတမ်းမရှိသဖြင့်အနာဂတ်တွင် စားဖိုမှူးသင်ရိုးညွှန်းတမ်း ထွက်ရှိလာ စေရန် မြန်မာစားဖိုမှူးများ ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (MCDC) အနေဖြင့် ပညာရေးဝန်ကြီးဌာနသို့ တင်ပြ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးအနီး နေပြည်တော် မြို့ပတ်လမ်းဘေးတွင် နိုင်ငံဝန်ထမ်းအိမ်ရာ စတင်တည်ဆောက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏သုံးဆ ထုတ်ချေးမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (မန္တလေး)က ကြေညာချက်အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် အပူပိုင်းဇုန် ကျေးလက်ရေ ရရှိရေးစီမံကိန်းအပိုင်း (၂) အဖြစ် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ကျေးလက်ဒေသ ရေရှိရေးအတွက် အဝီစိ စက်ရေတွင်းပေါင်း...
ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဗီယက်နမ်နိုင်ငံ အိမ်ခြံမြေအသင်းနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအသင်းတို့ MoU (နားလည်မှုစာချွန်လွှာ) ရေးထိုးသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအသင်းမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဝဲကလိ ကျေးရွာ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ထောက်ပံ့ရေး အခြေစိုက်စခန်း တည်ဆောက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံမှရွှေ့ပြောင်းမြန်မာအလုပ်သမားများ ပြန်လည်ဝင်ရောက်လျက်ရှိရာ ဇွန် ၂၉ရက်နေ့မှ ယနေ့အထိ မြဝတီနယ်စပ်ဂိတ်မှ ၃၁,၆၃၇ ဦး၊ ဘုရားသုံးဆူနယ်စပ်ဂိတ်မှ ၄,၅၆၀ ဦး၊ စုစုပေါင်း ၃၆,၁၉၇ ဦးဝင် ရောက်ခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
မန္တလေး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ရတနာပုံတက္ကသိုလ်၊ စက်မှုဇုန်၊ မင်္ဂလာ မန္တလေး စသည်တို့နှင့် နီးကပ်ပြီး ရန်ကုန် – မန္တလေး အမြန်လမ်းဘေးတွင် တည်ဆောက်မည့် လူလတ်တန်းစားများအတွက် ပထမဆုံးသော တန်ဖိုးသင့် အိမ်ယာကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၇ း...
ရန်ကုန်၊ဇူလိုင် ၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကြား၌ သွားလာရေးကြန့်ကြာမှုများ မကြာခဏဖြစ်ပွားနေသောကြောင့် ဂုတ်တွင်းလမ်းပိုင်းတွင် လေးလမ်းသွားတံတားတစ်စင်း တည်ဆောက်ရန် အစိုးရထံ တင်ပြထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် မြဝတီ (၉၉၉) ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာသည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများ ကျွမ်းကျင်သည့် အလုပ်နှင့် လုပ်ကိုင်လိုသည့် အလုပ်ကို စာရင်းကောက်ယူနေကာ သက်ဆိုင်ရာမြို့နယ် ရုံးများနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်...