Connect with us

Social

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးတွင် စီးပွားရေး ယန္တရား အသစ်များကိုလည်း ဖိတ်ခေါ်မည်

NRPC ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ယခင် စီးပွားရေး ယန္တရား အသစ်များကိုလည်း ဖိတ်ခေါ်ရမှာ ဖြစ်ကြောင်း NRPC ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားသည်။

“ဘယ်လို အလုပ်မျိုးပဲ လုပ်လုပ် ကိုယ့် အချင်းချင်း စည်းစည်းလုံးလုံး လုပ်မှသာ အောင်မြင်နိုင်မယ်၊ အခု ဒီစီမံကိန်းမှာ အားလုံးက ဝိုင်းဝန်းပြီး တက်တက်ကြွကြွ ပါဝင်လာကြတာကို တချို့တွေက ဒါကို တော်တော် အံ့အားသင့်ကြတာကို တွေ့ရပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေက ရခိုင်ပြည်နယ် အတွက် အကြံပြုထားတွေကလည်း အင်မတန် ကောင်းပါတယ်၊ အကြံပြုချက် အားလုံးကို အကောင် အထည်ဖော်လို့တော့ မရပါဘူး၊ အသင့်တော်ဆုံးတွေကို ရွေးပြီးတော့ လုပ်ရမှာပါ၊ ရေတိုရေရှည် အကျိုးရှိမယ့် လုပ်ငန်းတွေကို လူမှုရေး ဘက်ကရော စီးပွားရေးဘက်ကရော နိုင်ငံရေးဘက်ကရော ဒီ သုံးဖက်စလုံးကြည့်ပြီး ရွေးရမယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အရင် စီးပွားရေး ယန္တရား အဟောင်းကြီးကိုပဲ ပြန်ထူထောင်ဖို့ မဟုတ်ပါဘူး၊ ယန္တရား အသစ်တွေကိုလည်း ဖိတ်ခေါ်ရမှာ ဖြစ်ပါတယ်၊ အဲဒါကြောင့်မို့ ဒီနေရာမှာ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့အတွေးအခေါ် အသစ်တွေနဲ့ ကျွန်မတို့ကို အများကြီး ကူညီနိုင် မယ်လို့ထင်ပါတယ်” ဟု နေပြည်တော် NRPC တွင် ယနေ့ ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု ကူညီထောက်ပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development I Rakhine _ UEHRD) ကော်မတီအတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့သည်။

UEHRD ကော်မတီအတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဆင်ဟွာ)

အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်နေစဉ် (ဆင်ဟွာ)

အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်နေစဉ် (ဆင်ဟွာ)

အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်နေစဉ် (ဆင်ဟွာ)

အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်နေစဉ် (ဆင်ဟွာ)

အခမ်းအနားသို့ တက်ရောက်လာသူများအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က “အရင်တုန်းက လုပ်ခဲ့တာတွေက လုံလောက်တယ် ဆိုရင် ရခိုင်ပြည်နယ်ဟာ အခုအခြေအနေမှာ ရှိနေမှာ မဟုတ်ပါဘူး၊ အရင်တုန်းက လုပ်ခဲ့တာတွေက မလုံလောက်လို့သာ အခုအခြေအနေမှာ ရှိနေတာပါ။ နောင်အနာဂတ်ကို ကြည့်ပြီးတော့ ဘယ်ဒေသ မှာ ဘယ်လို ဖြည့်ဆည်းပေးကြမလဲ ဆိုတာ အားလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းပြီးတော့ စဉ်းစားပေး စေချင်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် မနာလိုစိတ်တွေနဲ့မဟုတ်ဘဲ ဘယ်သူက ဘယ်လို ပိုပြီးတော့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ကူညီပေးနိုင်မလဲဆိုတဲ့ ကောင်းတဲ့ ယှဉ်ပြိုင်မှုမျိုးတွေနဲ့ ကူညီကြရင် ပိုပြီးတော့ မြန်မြန်ဆန်ဆန် အောင်မြင်စေပါတယ်၊ ဒါဟာ နိုင်ငံအတွက်တွင်မကဘဲ လုပ်ငန်းရှင်တွေအတွက်လည်း တစ်ယောက်နဲ့တစ်ယောက် သင်ယူတဲ့ သဘောမျိုးနဲ့ ရေရှည်မှာ အများကြီး အကျိုးရှိလာနိုင်ပါတယ်” ဟု ဖြည့်စွက်ပြောခဲ့သည်။

အဆိုပါ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု ကူညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (Union Enterprise for Humanitarian Assistace, Resettlement and Development I Rakhine _ UEHRD) ကော်မတီအတွက် အလှူငွေ ပေးအပ်ပွဲသို့ နိုင်ငံ အဝန်းရှိ စီးပွားရေး လုပ်ငန်းရှင်ကြီးများ တက်ရောက်ခဲ့ကြပြီး အလှူရှင် ၂၁ ဦးတို့မှ အသီးသီး ထည့်ဝင် လှူဒါန်းကြရာ လှူဒါန်းငွေ ကျပ်သိန်းပေါင်း ၁၆၇,၀၀၀ ရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.