Connect with us

Social

မြန်မာနိုင်ငံမှ မျောက်လွှဲကျော်များသည့် မျိုးသုဉ်းရန် အန္တရာယ် ကျရောက်လုနီးဖြစ်နေ

မျောက်လွှဲကျော်တစ်ကောင်အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ အရှေ့ခြမ်းမျောက်လွှဲကျော် မျက်ခုံးဖြူ၊ အနောက်ခြမ်း မျောက်လွှဲကျော် မျက်ခုံးဖြူနှင့် မျောက်လွှဲကျော် လက်ဖြူဟူ၍ မျောက်လွှဲကျော် မျိုးစိတ်သုံးမျိုးတွေ့ရပြီး အနောက်ခြမ်းမျောက်လွှဲကျော် မျက်ခုံးဖြူနှင့် မျောက်လွှဲကျော်လက်ဖြူတို့သည် မျိုးသုဉ်းရန် အန္တရာယ် ရှိသော မျိုးစိတ် (Endangered Species) အဖြစ်လည်းကောင်း၊ အရှေ့ခြမ်းမျောက်လွှဲကျော် မျက်ခုံးဖြူသည် မျိုးသုဉ်းရန် အန္တရာယ် ကျရောက် လုနီးမျိုးစိတ် (Vulnerable Species ) အဖြစ်လည်းကောင်း ကျရောက်လျက် ရှိကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့ မှသိရသည်။

အဆိုပါမျောက်လွှဲကျော်များအား ထိန်းသိမ်းစောင့်ရှောက်မှု မရှိပါက နှစ်ပေါင်း ၅၀ အတွင်း မျိုးသုဉ်း ပျောက်ကွယ် သွားနိုင်ကြောင်း သိရပြီး သစ်တောဦးစီးဌာနမှ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနနှင့် သားငှက်ထိန်းသိမ်းရေး အဖွဲ့(မြန်မာနိုင်ငံ အစီ အစဉ်)တို့ ပူးပေါင်း၍ မဟာမြိုင်၊ ဟူးကောင်း ချိုင့်ဝှမ်း၊ ထမံသီနှင့် ဖုန်ကန် ရာဇီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများ၌ မျောက်လွှဲကျော် ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.