Connect with us

Social

ငြိမ်းချမ်းရေး ဂီတပွဲတော် ပထမ အဆင့်တွင် ဒေသ လက်ရွေးစင် ၃၆ ဦး အပြီးသတ် ရွေးချယ်ခဲ့

ငြိမ်းချမ်းရေး ဂီတပွဲတော် ပထမ အဆင့် သီဆိုမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-Peace Music Festival)

ရန်ကုန် ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

ငြိမ်းချမ်းရေးဂီတပွဲတော် Level(1)ကို မြို့ကြီး ၁၁ မြို့၌ ဇူလိုင် လမှစတင်၍ ကျင်းပခဲ့ရာ ဒေသ လက်ရွေးစင် ၃၆ ဦးကို အပြီးသတ် ရွေးချယ်နိုင်ခဲ့ပြီး ၎င်းတို့သည် Level(2) တွင် အဖွဲ့ လေးဖွဲ့ခွဲ၍ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

ငြိမ်းချမ်းရေးဂီတပွဲတော် Level(2) ၏ ပွဲစဉ်(၁)ကို အောက်တိုဘာ ၂၁ရက် နှင့် ပွဲစဉ်(၂)ကို အောက်တိုဘာ ၂၂ ရက်တို့တွင် မန္တလေး မြို့၌ကျင်းပမည်ဖြစ်ကြောင်း ၊ ပွဲစဉ်(၃)ကို အောက်တိုဘာ ၂၈ ရက်နှင့် ပွဲစဉ်(၄)ကို အောက်တိုဘာ ၂၉ ရက်တို့တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်များ အနေဖြင့် ပြဋ္ဌာန်း ထားသည့် သီချင်း ၅၇ပုဒ် ထဲမှ မိမိ ကြိုက် နှစ်သက် သည့် မြန်မာသံနှင့်ခေတ်ပေါ် တေးသီချင်း အမျိုးအစားများကို သတ်မှတ်ထားသည့် ပြိုင်ပွဲဝင် အစဉ် လိုက်မဲနှိုက်၍ ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးဂီတပွဲတော် Level(2)တွင် ပရိသတ် Voting ၆ဝရာခိုင်နှုန်း နှင့် ဒိုင်အဖွဲ့မှ ၄ဝ ရာခိုင်နှုန်းဖြင့်ဆုံးဖြတ် မည်ဖြစ်ပြီး ပရိသတ် Voting SMS ပေး ပို့ရာတွင်လည်း ယခင်နှုန်းထားများထက် သက်သာစေရန် ညှိနှိုင်း ဆောင်ရွက် နေကြောင်း သိရသည်။

Level(2) ပြိုင်ပွဲ များကို MRTV မှ တိုက်ရိုက် ထုတ်လွှင့် သွားမည် ဖြစ်ပြီး Level(3)ပွဲစဉ်အတွက် ၁ဝဦးရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေး ဂီတပွဲတော် Level(3)ပွဲစဉ်များ ကို နေပြည်တော် တွင် ပွဲစဉ်(၁)အဖြစ် နိုဝင် ဘာ ၅ ရက်၊ ပွဲစဉ်(၂)ကို ရန်ကုန်တွင် နိုဝင်ဘာ ၁၂ ရက်၊ ပွဲစဉ်(၃)ကို နိုဝင်ဘာ ၁၉ရက်နှင့် ပွဲစဉ်(၄)ကို နိုဝင်ဘာ ၂၆ ရက် တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အပတ်စဉ် မဲအနည်းဆုံး ပြိုင်ပွဲဝင်နှစ်ဦး ကို ပြိုင်ပွဲမှ ထုတ်ပယ်သွားမည်ဖြစ်ကာ နောက်ဆုံး ပွဲစဉ်(၄)တွင် တစ်ဦးတည်းသာ ထုတ်ပယ် သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးGrand Final ပွဲစဉ်ကို ဒီဇင်ဘာ ၁ဝ ရက်တွင် ရန်ကုန်မြို့၌ အပြီးသတ်ရွေးချယ်ကာ ပထမဆု ငွေကျပ် သိန်း ၃ဝဝ၊ ဒုတိယဆု ငွေကျပ် သိန်း၂ဝဝ၊ တတိယဆု ငွေကျပ် သိန်း၁ဝဝနှင့် နှစ်သိမ့်ဆုခုနစ်ဆုကို တစ်ဆုလျှင် ငွေကျပ် သိန်း ၃ဝ စီ ချီးမြှင့် မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.