Connect with us

Social

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်များတွင် ပိုမို ရင်းနှီးမြှုပ်နှံမည်ဟု ဒု သမ္မတ ပြော

၂၀၁၇ ကမ္ဘာ့ စားနပ်ရိက္ခာနေ့  အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးဗန်ထီးယူ အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနယ်ပယ်များတွင် ပိုမို ရင်းနှီးမြှုပ်နှံမှုများ စီမံဆောင်ရွက် သွားမည်ဟု ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ(၂) ဦးဗန်ထီးယူက ယနေ့နံနက် ပြောခဲ့သည်။

“မြန်မာနိုင်ငံအနေနဲ့ အခြား ကုလ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနည်းတူ စားနပ်ရိက္ခာ ဖူလုံရေးနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး နယ်ပယ်များမှာ ပိုမို ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု နေပြည်တော် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ယနေ့ နံနက် ပြုလုပ်သည့် ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အခမ်းအနား၌ ဒုတိယ သမ္မတက ပြောခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အခမ်းအနားသို ့ ဒုတိယ သမ္မတ ဦးဗန်ထီးယူ ကြွရောက်လာစဉ် (ဆင်ဟွာ)

၂၀၁၇ ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အခမ်းအနားတွင် လယ်/ ဆည် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ အောင်သူ အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

၂၀၁၇ ကမ္ဘာ့ စားနပ်ရိက္ခာနေ့ FAO မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် Ms. Xiaojie Fan က ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားစဉ် (ဆင်ဟွာ)

“ပြည်တွင်း ပြည်ပ ရွှေ့ပြောင်း နေထိုင်မှုကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်တဲ့ မြို့ပြနဲ့ ကျေးလက် ဖွံ့ဖြိုးမှု ကွာဟချက်ကို ကျဉ်းမြောင်းလာစေရေး အတွက်လည်း ကမ္ဘာ့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များရဲ့ သတ်မှတ်ချက်များနဲ့ အညီ ကျေးလက် လူမူ စီးပွား ဆိုင်ရာ အခြေခံ အဆောက်အအုံများကိုလည်း နိုင်ငံတော်အနေနဲ့ နှစ်စဉ် ပိုမို ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

ကျေးလက်ဒေသများ ရေရှည် တည်တံ့ ဖွံ့ဖြိုးရေးအတွက် ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများ ကုလအဖွဲ့အစည်းများ ပြည်တွင်း ပြည်ပ NGO များ ကျွမ်းကျင် ပညာရှင်များ အရပ်ဖက် လူမှု အဖွဲ့အစည်းများ အားလုံးပါဝင်ပြီး ဆွေးနွေးတိုင်ပင် ရေးဆွဲခဲ့သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်ကို ၂၀၁၃ အောက်တိုဘာတွင် အတည်ပြုနိုင်ခဲ့ပြီး လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည့် ပြည်သူ ဗဟိုပြု လုပ်ငန်း အစီအစဉ်များကို အဆိုပါ မူဘောင်နှင့်အညီ ရေးဆွဲနိုင်ခဲ့ကာ ကျေးလက်နေ ပြည်သူများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး အသက်မွေး ဝမ်းကျောင်းနှင့် မိသားစု ဝင်ငွေ တိုးပွားရေး လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက် ပေးနေပြီ ဖြစ်ကြောင်းလည်း ဒုတိယ သမ္မတက ပြောကြားခဲ့သည်။

ရွှေ့ပြောင်း နေထိုင်မှု လျော့ပါးရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် မြှုပ်နှံပေး (Change the future of Migration. Invest in food security and rural development ) ဟူသည့် ဆောင်ပုဒ်ဖြင့် ကျင်းပသော ၂၀၁၇ ခုနှစ် ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ ဒုတိယ ဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်များ ကုလ သမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဒုတိယ သမ္မတ၏ အဖွင့် မိန့်ခွန်း အပြီးတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက အမှာစကား ဆက်လက် ပြောကြားကာ FAO ဌာနေ ကိုယ်စားလှယ် Ms. Xiaojie Fan က ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.