ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှု အထင်ကရနေရာဖြစ်သည့် တနသာၤရီ တိုင်းဒေသကြီး ၊ မြိတ်ကျွန်းစု ဒေသကို အာဆီယံခရီးသွားပြပွဲ-၂၀၁၇ ၌ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်း ၃ ခန်း ပါဝင် ပြသရာတွင် အထူးမြှင့်တင်လျက် ပါဝင်ပြသမည် ဖြစ်ကြောင်း ဟိုတယ် နှင့်...
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများ စာရင်းအားလုံး ကောက်ယူပြီးပါက အခွင့်အရေးပေးမည့် ကျူးကျော်များနှင့် အရေးယူရမည့် ကျူးကျော်များဟူ၍ အမျိုးအစားနှစ်မျိုး ခွဲခြားသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) အရှေ့တိုင်းဘာသာစကား နှင့် စီးပွားရေး စင်တာ တည်ထောင်ခြင်း (၁၅) နှစ်ပြည့် နှင့် ကွန်ဖြူးရှပ် စာသင်ကျောင်း ဖွင့်လှစ်ခြင်း (၃) နှစ်ပြည့် အခမ်းအနား ကို ဇန်နဝါရီလ ၇ ရက်တွင် ရန်ကုန်မြို့ရှိ လှိုင်မင်္ဂလာ ခန်းမ...
ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) အပတ်စဉ် စနေ-တနင်္ဂနွေ နေ့တိုင်း ဖွင့်လှစ် ရောင်းချမည့် စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း(Yangon Books Street) အား အနော်ရထာလမ်း နှင့် မဟာဗန္ဓုလ လမ်းကြား သိမ်ဖြူလမ်းပေါ်၌ ယနေ့ဇန်နဝါရီ ၇ ရက်မှ စတင် ဖွင့်လှစ်ခဲ့ကြောင်း...
ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ပန်းခင်းပွဲတော်(၂၀၁၇)အား ပထမဆုံး အကြိမ် အဖြစ် ရန်ကုန်မြို့ဗဟန်းမြို့နယ် မြေပဒေသာ ဥယျာဉ်၌ ယနေ့ဇန်နဝါရီ ၇ ရက်မှ စတင်၍ ၁၃ ရက်နေ့အထိ ၇ ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အိမ်ထောင်စုပေါင်း ၁၀.၈ သန်းကျော် ရှိသည့် အနက် ယခုအခါ အိမ်ထောင်စုပေါင်း ၃.၉ သန်းကျော် လျပ်စစ်မီး သုံးစွဲနိုင်ပြီ ဖြစ်၍ ရာခိုင်နှုန်းအားဖြင့် တစ်နိုင်ငံလုံး၏ အိမ်ထောင်စုပေါင်း ၃၅ ရာခိုင်နှုန်းခန့် လျှပ်စစ်ဓာတ်အား...
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ အထင်ကရ တန်ခိုးကြီး စေတီတစ်ဆူဖြစ်သော ရွှေတိဂုံစေတီတော်၏ ပုံကို လူသုံးကုန်ပစ္စည်းများပေါ်၌ ထည့်သွင်းသုံးစွဲခြင်းအား တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က တရားဝင် ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ ရှိ ဘုရားများကို ငလျင်ဒဏ်ခံ နိုင်သည့် ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မြန်မာနိုင်ငံ ငလျင်ကော်မတီမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ရက် (ဆင်ဟွာ) ၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာနှစ်၏ ဧပြီလမှ နိုဝင်ဘာလအထိ ရှစ်လတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ရောင်းဝယ်ခြင်းမှ အခွန် ငွေကျပ် ၄၇ ဘီလီယံ ကောက်ခံရရှိထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ပြည်သူ့ဝန်ထမ်းအကယ်ဒမီနှင့် ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဖွင့်လှစ်ပေးခဲ့သည်။