Connect with us

Social

၂၀၃၀ ခုနှစ်တွင် ကျေးလက်လမ်းများအား အချိန်မရွေး သွားလာ၍ ရသည့် လမ်းများ ဖြစ်ရန် ဆောင်ရွက်မည်

ကျေးလက် လူနေမှု မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ကျေးလက်များအား ၂၀၃၀ ခုနှစ်တွင် အချိန်မရွေး သွားလာ၍ ရသည့် လမ်းများ ဖြစ်ရန် အစိုးရ ဘတ်ဂျက် နှင့် နိုင်ငံတကာ အကူအညီများ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ဖော်ပြချက် အရ သိရသည်။

“မြန်မာ တစ်နိုင်ငံလုံးက လမ်းတွေဖွံ့ဖြိုး တိုးတက်မှု နောက်ကျနေတဲ့အတွက် နိုင်ငံတကာအကူအညီတွေ၊ အစိုးရ ဘတ်ဂျက်တွေနဲ့ ပူးပေါင်းပြီး ၂ဝ၃ဝ မှာ ကျေးလက်လမ်းတွေ အချိန်မရွေး သွားလာလို့ရတဲ့ လမ်းတွေ (၈ဝ) ရာခိုင်နှုန်း ပြီးမြောက်အောင် ဆောင်ရွက်သွားမှာပါ”ဟု ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး က မကွေးမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည့် ကျေးလက် လမ်း၊ တံတားများ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာမူဘောင် ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို လာမည့် မတ်လ တွင် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သိရပြီး လမ်းများ ဖွံ့ဖြိုးရေး ဆိုင်ရာ မဟာဗျူဟာ စီမံကိန်း တွင် မိုင်ပေါင်း ၆၆ဝဝ မှာ အသစ် ဖောက်လုပ်ရမည်ဖြစ်ကြောင်း၊ မိုင် ပေါင်း ၂၆ဝဝဝ ကိုလည်း အဆင့် မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ကျေးလက်လမ်းများဖွံ့ဖြိုးရေး ဆိုင်ရာမဟာဗျူဟာမြောက်လုပ်ငန်း များ ဆောင်ရွက်လျှင် လမ်းပြင်ဆင် ခြင်းအတွက် စုစုပေါင်း ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံကုန်ကျနိုင်သည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ကျေးလက် လမ်းများ၏ အခြေအနေသည် ၃၄ ရာခိုင်နှုန်းသော လမ်းများသာ ကောင်းမွန်ပြီး ၆၆ ရာခိုင်နှုန်းသည် နွေရာသီ အချိန်၌သာ သွားလာ၍ရသည်ဟု သိရသည်။ (Xinhua)