Connect with us

Social

ဒဂုံမြို့သစ်တောင်ပိုင်နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းတို့တွင် တရားမဝင်ပိတောက်သစ် တန် ၁၀၀ကျော် ဖမ်းမိ

ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းတို့တွင် ဖမ်းဆီးရမိသော သစ်များအားတွေ့ရစဉ်(ဓာတ်ပုံ-သစ်တောဦးစီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းတို့တွင် တရားမဝင်ပိတောက်သစ် တန် ၁၀၀ကျော်ကို ယနေ့ ဖေဖော်ဝါရီ ၁၀ရက် နေ့လည် ၂နာရီကျော်တွင် ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

သစ် တရားမဝင်တင်ပို့မှု သတင်းကွင်းဆက်များအား လိုက်လံဖော်ထုတ်ရာတွင် ဒဂုံမြို့သစ်တောင်ပိုင်း၊ စက်မှုဇုန်တိုးချဲ့ ၂၊ ၁၄၄ ရပ်ကွက် ဝက်မစွတ်ဝန်ထောက်လမ်း နှင့် စိတ္တကျော်သူဦးသြလမ်းထောင့်ရှိ ဒေါ်ခက်ခက်ကျော်ပိုင် ခြံအမှတ် ၁၅၈တွင် ရေသန့်ဘူးခွံ၊ ကတ်ထူဖာများဖြင့် ဖုံးအုပ်ကွယ်ဝှက်ထားသော တရားမဝင် ပိတောက်စကွဲယားတုံး တန် ၁၀၀ ကျော်၊ ကျွန်းစကွဲယားတုံးနှင့် ကျွန်းခွဲသား ၁၅ တန်ခန့် အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှု၏ သတင်းအဆက်အရ ဒဂုံမြို့သစ်အရှေ့ပိုင်း ပြင်စည်မင်းသားကြီးလမ်းရှိ ဦးခင်မောင်ပိုင် ခြံအမှတ် ၃၅ အား ဝင်ရောက်စစ်ဆေးရာ ခြံဝင်းအတွင်းရှိ ဂိုဒေါင်မှ တရားမဝင် ပိတောက်စကွဲယားတုံး တန် ၅၀ ကျော်ခန့်အား ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။ရန်ကုန်မြို့၊ MIP ဆိပ်ကမ်းဝင်းအတွင်းရှိ ကုန်သေတ္တာ ၂ လုံးတွင် တရားမဝင်ကျွန်း တန် ၃၀ ကျော် ဖမ်းဆီးရမိမှုမှ အစပြု၍ သတင်းကွင်းဆင်းများ စုံစမ်းရယူဖော်ထုတ်ခဲ့ရာ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ တရားမဝင်ပိတောက်စကွဲယား အများစုပါဝင်သော တရားမဝင်သစ် စုစုပေါင်းတန် ၁၀၀၀ ကျော် ဖမ်းဆီးရမိထားပြီးဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.