Connect with us

Social

နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသော ကုန်စည်များကို X-ray စက်များဖြင့် မတ်လတွင် စစ်ဆေးမည်

နယ်စပ်ဂိတ်တစ်ခုတွင် ကုန်တင်ယာဉ်များ စစ်ဆေးနေစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်း နယ်စပ်ဂိတ်များမှ တရားမဝင် ဝင်ရောက်လာသော ကုန်စည်များကို ခေတ်မီ X-rayစက်များဖြင့် မတ်လတွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ကုန်ပစ္စည်းများကို စစ်ဆေးမှုဆောင်ရွက်ရာတွင် စစ်ဆေးသူနှင့် စစ်ဆေးခံသူနှစ်ဦးစလုံးကို CCTV မြင်ကွင်း အောက်တွင် စစ်ဆေးခြင်း၊ စစ်ဆေးချက်များကိုလည်း မှတ်တမ်းတင်ခြင်း၊ နေ့စဉ် စစ်ဆေးမှုများနှင့် ပတ်သက်ပြီး သတင်းလွှင့်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက လုပ်ငန်းအစည်းအဝေးတွင် ပြောကြားသည်။

ယင်း ဖမ်းဆီးစစ်ဆေးရာတွင် လာဘ်ပေးလာဘ်ယူမှုများ မဖြစ်စေရန် ဌာနအသီးသီးမှ ဝန်ထမ်းများကိုလည်း ဖမ်းဆီးရမိသော ပစ္စည်း၏ ၅၀ရာခိုင်နှုန်းကို ဆုချီးမြှင့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.