Connect with us

Social

ရန်ကုန်မြို့၏ မြို့ပြပို့ဆောင်ရေး နှင့် ပတ်သက်ပြီး လိုအပ်ချက်များ အားဆက်လက် ကူညီသွားမည်

မို့ ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ဒုတိယဌာနမှူး ဒေါက်တာတိုးအောင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၏ မြို့ပြပို့ဆောင်ရေး နှင့် ပတ်သက်သည့် လိုအပ်ချက်များကို ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC) မှ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ဒုတိယဌာနမှူး ဒေါက်တာတိုးအောင်က ယနေ့ကျင်းပသည့် ရေရှည်တည်တန့်သော မြို့ပြသယ်ယူပို့ဆောင်ရေးစီမံကိန်း နှင့်ပတ်သက်သည့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ဒေါက်တာ တိုးအောင်က “အရင်က ရန်ကုန်မြို့တော်စည်ပင်သာယာရေး အနေနဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အတော်များများ ပါဝင်ဆောင်ရွက်ခဲ့တယ်။ အစိုးရသစ်လက်ထက်မှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ ဆိုပြီး ဖွဲ့စည်းနိုင်ခဲ့တယ်။ အရင်ကတည်းက ဒီလိုအဖွဲ့အစည်းပေါ်ပေါက်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒီစီမံကိန်းကိုလည်းမျှော်လင့်ချက်ထားတယ်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ ကို ကူညီပံ့ပိုးပေးရမယ့်အပိုင်းလေးတွေ ကျွန်တော်တို့ကြားကနေ ဆက်ပြီးဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်း ရှင်းပြလိုပါတယ်’’ ဟု မီဒီယာများအားပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အနေဖြင့်ဥရောပသမဂ္ဂ ၏ ကူညီမှုဖြင့် တာမွေ နှင့် သင်္ဃန်းကျွန်းမြို့ နယ် နှစ်ခုတွင် Pilot Project (ရှေ့ပြေးစီမံကိန်း) အနေဖြင့် စီမံချက် တစ်ခု လုပ်ဆောင်နေပြီး ၊ ထိုစီမံချက်မှ ရန်ကုန်မြို့တွင် မြို့ပြသယ်ယူပို့ဆောင်ရေး နှင့် ပတ်သက်၍ ဖြစ်ပေါ်နေသည့် အကြောင်းအရာများအား ချပြနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာတိုးအောင်က “ဒီစီမံကိန်းကနေ အများပြည်သူ ဖြစ်ချင်တဲ့ ဆန္ဒတွေကို လေ့လာ ဆွေးနွေးတယ်။ ပြီးတော့ အကြံပြုတယ်။မြို့ပြသယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး အထောက်အကူပြုနိုင်တဲ့ အဓိကအချက်တွေ ဖော်ထုတ်နိုင်ဖို့ ဒီစီမံချက် ကိုလုပ်တာ။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နဲ့ ပတ်သက်ပြီး မြို့နယ်တစ်ခုစီက ကျောင်းသားပေါင်း ၁၆,၀၀၀ လောက်ကို ဆွေးနွေးပွဲလုပ်ပေးတယ်။ ဆရာမတွေကို လည်း ပညာပေးလုပ်ငန်းတွေ လုပ်ပေးနိုင်ခဲ့တယ်။ ယာဉ်ထိန်းရဲတွေကိုလည်း ဆွေးနွေးမှု တွေလုပ်ဖြစ်တယ်’’ ဟုပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.