Connect with us

Social

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး Master Plan ရေးဆွဲမည်

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး Master Plan ရေးဆွဲနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-UMFCCI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်း လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး Master Plan အား ရေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။

ရန်ကုန်တိုင်း လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး Master Plan ရေးဆွဲနိုင်ရန် ပါဝင်ပတ်သက်သူများ (Stakeholders) များ အားလုံးပါဝင် ဝိုင်းဝန်းအကြံပြုဆွေးနွေးနိုင်မည့် ဆွေးနွေးပွဲ တစ်ရပ်ကို မတ်လ ၂ ရက် (သို့) ၃ ရက်နေ့ တွင် ကျင်းပ ပြုလုပ်ရန် ကုန်သည်စက်မှုအသင်းချုပ်၌ ဇန်နဝါရီ ၃၁ ရက်တွင် ပြုလုပ်သော အစည်းအဝေး တွင် ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေးပွဲတွင် ထုတ်လုပ်ခြင်း၊ သွယ်တန်းခြင်းနှင့် ဖြန့်ဖြူးခြင်း စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် Working Group များဖွဲ့စည်းကာ ကြိုတင်ညှိုနှိုင်းဆွေးနွေး၍ စနစ်တကျဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးချက်များကို အခြေခံ၍ Master Plan ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လျှပ်စစ်ထုတ်လုပ်စရိတ်၏ ထက်ဝက်ခန့် ဈေးနှုန်းဖြင့်သာ အစိုးရမှ အရှုံးခံရောင်းရချနေပြီး လျှပ်စစ် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ အမြောက်အမြား ရှိနေသော်လည်း ထုတ်လုပ် သွယ်တန်း ဖြန့်ဖြူးစရိတ်ကို ကာမိနိုင်သည့် ဈေးနှုန်းတစ်ခုဖြင့် ရောင်းချနိုင်ခြင်းမရှိသည်မှာ အဓိက အခက်အခဲ ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အကြိုညှိနှိုင်း အစည်းအဝေး တွင် ပြောကြားခဲ့သည်။

အခြေခံဥပဒေအရ လျှပ်စစ်ထုတ်လုပ်မှုကို ပြည်ထောင်စုအစိုးရမှ အဓိကတာဝန်ယူထားပြီး တိုင်းဒေသကြီးအစိုးရမှ လျှပ်စစ်ထုတ်လုပ်မှု ခွင့်ပြုလုပ်ကိုင်ခွင့်ကို ၃၀ MGW အထိသာ ခွင့်ပြုထားသဖြင့် ပြည်ထောင်စုအစိုးရ၊ လွှတ်တော်နှင့် ညှိနှိုင်းကာ လျှပ်စစ်ဥပဒေကို ပြင်ဆင်မည်ဖြစ်ပါကြောင်း၊ ပြင်ဆင်ပြီးပါက ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် ရန်ကုန်တိုင်းအတွင်း၌ပင် လျှပ်စစ်ထုတ်လုပ်သွယ်တန်းဖြန့်ဖြူးမှုများ တိုးချဲ့သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.