Connect with us

Social

မေယု FM ရေဒီယိုထုတ်လွှင့်ခြင်း နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်

ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်အားတွေ့ရစဉ် (ဓာတ်ပုံ--M.O.I)

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစတင်၍ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်းသာ ဖမ်းယူရရှိနိုင်သည့် “မေယု FM ရေဒီယို ” အစီအစဉ်ကို အချိန်ပိုင်း စမ်းသပ်ထုတ်လွှင့်နေမှု နှင့်စပ်လျဉ်း၍ မမှန်သတင်း များလည်း အများအပြား ထွက်ပေါ်လျက်ရှိရာ ပြည်သူများသတင်းအချက်အလက်မှန်များ ရရှိရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

မေယု FM အစီအစဉ်သည် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွင် နေထိုင်ကြ သူတို့အတွက် သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီ ဖြန့်ချိပေးနိုင်ရန် ထုတ်လွှင့်သော အစီအစဉ်ဖြစ်ပြီး မည်သည့် ပြင်ပပုဂ္ဂိုလ် အစုအဖွဲ့ကိုမျှ အသံလွှင့်ခွင့်ပေးခြင်းမဟုတ်ကြောင်း၊ ဒေသအတွက် နိုင်ငံတော်အစိုးရ ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်ပေးလျက်ရှိသည့် အစီအစဉ်များကိုလည်း အများသိရှိအောင် ထုတ်ပြန်ပေးရန် လိုအပ်နေသည့်အတွက် ကြောင့်လည်းကောင်း ၊ မေယု FM သည် နယ်မြေ အကန့်အသတ် တစ်ခုအတွင်း လတ်တလော လိုအပ်ချက်များအတွက် ဆောင်ရွက်သည့် အစီအစဉ် တစ်ရပ်ဖြစ်ပြီး ဒေသတွင်း နေထိုင်သူ အားလုံးတို့ ကြားသိကြရန် ရည်ရွယ်၍ ရခိုင်၊ ဗမာ ၊ ဘင်္ဂါလီ ဘာသာတို့ဖြင့် ထုတ်လွှင့်ခြင်းဖြစ်ကြောင်း ဟူ၍ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.