နေပြည်တော်၊ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)ရေးသားသူ/စိုးသန်းလင်း COVID-19 ကာလ Stay Home နေထိုင်ကြရသည့် ပြည်သူများအားလုံး ကျန်းမာကြံ့ခိုင် စေရေး၊ ကိုယ်ခံအား ကောင်းမွန်စေရေး တို့အတွက် နေ့စဉ် အားကစား လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက စီစဉ် ကျင်းပလျက်ရှိသည့် အွန်လိုင်းတွင် ယှဉ်ပြိုင်ရသည့် Physical...
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကာယဗလအားကစားပြိုင်ပွဲအတွက် ကာယဗလအားကစားသမားများအား ပဏာမရွေးချယ်ခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ...
ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၁ ခုနှစ်ဘောလုံးရာသီသစ်တွင် Myanmar National League ဘောလုံးပြိုင်ပွဲများကို အသက် ၂၁ နှစ်အောက် ပြိုင်ပွဲတစ်ခုသာကျင်းပမည်ဖြစ်ကြောင်း Myanmar National League အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ဆင်ဟွာသို့ ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင်ယူ-၂၂ အမျိုးသားအသင်းကို ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြန်လည်ဖွဲ့စည်းရန်လျာထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာသို့ နိုဝင်ဘာ ၂၁ ရက်တွင်ပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ပြောင်းလဲကျင်းပရန်သတ်မှတ်လိုက် ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) မြန်မာ့ စပါးအုံးခေါ် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါတို့ ယှဉ်ပြိုင်ထိုး သတ်ပွဲကို အောက်တိုဘာ လ ၃၀ ရက်က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့ရာ အောင်လအန်ဆန် မှာ ပထမအချီစ၍ မကြာမီမှာပင် ပြိုင်ဘက်၏...
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် ယူ-၂၂ အမျိုးသားဘောလုံးအသင်း၏ နည်းပြချုပ်ပိုပေါ့ဗ်အား ဆက်လက်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် မူအားဖြင့်နှစ်ဘက်သဘောတူညီမှုရထားပြီဖြစ်ပြီး ၂၀၂၀ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) မှ အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း က ဆင်ဟွာသို့ အောက်တိုဘာ ၃၀ရက်တွင်ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) မြန်မာလူငယ် အမျိုးသမီးဘောလုံးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား ယူ-၂၀ နှင့် ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲတွင် နိုင်ငံတကာအသင်းပေါင်း ၃၄ သင်းစီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီးကိုယ်စားပြုအသင်းဖြစ်သည့် မကွေးအက်ဖ်စီဘောလုံးအသင်းအနေဖြင့် ဆက်လက်ရပ်တည်ရန် အခက်အခဲကြုံသောကြောင့် အသင်းကိုဖျက်သိမ်းလိုက်ကြောင်း၊ အသင်းကစားသမားများအား အောက်တိုဘာ ၁၄ ရက်တွင် လျာ်ကြေးပေးပြီးဖြစ်ကြောင်း အသင်းအုပ်ချုပ်သူဦးကြည်လွင်က ဆင်ဟွာသို့ အောက်တိုဘာ ၁၄ ရက်တွင်ပြောကြား သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ၏ နည်းပြ အဖွဲ့ဝင်များကို နှစ်ကုန်ပိုင်းတွင် သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်(MFF) မှ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ဆင်ဟွာသို့ အောက်တိုဘာ ၁၀ ရက်တွင်ပြောသည်။