ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲများ ၏ အုပ်စုလက်ကျန်ပွဲများ အတွက် ပြင်ဆင်မှုများပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူးဦးကိုကိုသိန်းက ပြောသည်။
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါကြောင့် ရွှေ့ဆိုင်း ထားသည့် ၂၀၂၀ ရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ပြန်လည်ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် အသင်းယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားနှင့် အာရှဖလား ခြေစစ်ပွဲများအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာနှင့် နိုဝင်ဘာတို့တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း အာရှ ဘောလုံးအဖွဲ့ချုပ်က ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာကို ဇွန် ၆ ရက်တွင် ပြောသည်။
ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၁ ခုနှစ်တွင် အဓိကနိုင်ငံတကာပြိုင်ပွဲသုံးခု ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ယနေ့ ဇွန် ၄ ရက်တွင် ပြောကြားသည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီမှ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်အား တာဝန်ပေးရန် အတည်ပြုခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက မေ ၂၆ ရက်တွင် ပြောကြားသည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို နည်းပြအပြောင်းအလဲပြုလုပ်ရန်စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာကို မေ ၂၂ ရက် တွင်ပြောသည်။
ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်နေသည့် ၂၀၂၀ AFC ဖလား ပြိုင်ပွဲ လက်ကျန်ပွဲစဉ်များ ကျင်းပမည့်အစီအစဉ်အတွက် ပြန်လည် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ chaoyang မြို့တွင် ကျင်းပလျက်ရှိသည့် Chinese 8 Ball ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီသည် လေးပွဲကစားလေးပွဲနိုင်ထားပြီး မေ...
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ chaoyang မြို့တွင် ကျင်းပမည့် Chinese 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည့် မြန်မာ့လက်ရွေးစင် Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ ၏ အဖွင့်ပွဲစဉ်ကို ယနေ့ ဧပြီ ၂၈...
ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် AFCဖလားပြိုင်ပွဲ၏ အာဆီယံဇုန်မှ ပါဝင် ကစား ခွင့်ရှိသည့် နိုင်ငံအလိုက် စာရင်းတွင် မြန်မာနိုင်ငံက အဆင့် (၅) နေရာ၌ ရပ်တည်နေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ဧပြီ ၇...