Connect with us

Sport

ယူ-၂၂ ဘောလုံးအသင်း နှစ်ဆန်းပိုင်း၌ COVID-19 စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ စခန်းဝင်လေ့ကျင့်နိုင်ရန် စီစဉ်ဆောင်ရွက်နေ

ပုံစာ-- မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနှင့် နည်းပြချုပ်ပိုပေါ့ဗ်အားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ /အေးလပြည့်

၂၀၂၁ ခုနှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲ နှစ်ခုအတွက် မြန်မာ ယူ-၂၂ ဘောလုံးအသင်းအနေဖြင့် နှစ်ဆန်းပိုင်း၌ COVID-19 စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ စခန်းဝင်လေ့ကျင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၆ ရက်တွင်ပြောသည်။

“ကျွန်တော်တို့ COVID-19 စည်းမျဉ်းစည်းကမ်းနဲ့ အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနက ခွင့်ပြုရင် ယူ-၂၂ အသင်း စခန်းဝင်လေ့ကျင့်ဖို့ လျာထားဆောင်ရွက်နေပါတယ်’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။မြန်မာ ယူ-၂၂ အသင်းသည် အာရှဖလား ခြေစစ်ပွဲကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်မှ ၃၁ ရက်၊ ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲနှစ်ခုအတွက် အဓိကပြင်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် လက်ရွေးစင်အသင်းများအပါအဝင် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း စခန်းဝင်လေ့ကျင့်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်အဖြစ် ဘူဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်ကို ဆက်လက်တာဝန်ပေးထားပြီး ပဏာမလူစာရင်းကို စခန်းဝင်လေ့ကျင့်ရက် သတ်မှတ်ပြီးပါက ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း နည်းပြချုပ်ပိုပေါ့ဗ်လက်ထက်ထက်တွင် မြန်မာ ယူ-၂၂ အသင်းသည် အဓိကနိုင်ငံတကာပြိုင်ပွဲသုံးခုအားယှဉ် ပြိုင်ခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲသုံးခုအနက် မြန်မာယူ-၂၂အသင်းသည် ၂၀၁၉ခုနှစ် SEA Games တွင် အသင်းလိုက် ကစားပုံတိုးတက်ခဲ့ကာ ကြေးတံဆိပ်ဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.