Connect with us

Sport

နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင်ယူ-၂၂ အမျိုးသားအသင်းကို ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြန်လည်ဖွဲ့စည်းရန်လျာထားကြောင်းဆို

မြန်မာ ယူ-၂၂ ဘောလုံးအသင်း၏ ယှဉ်ပြိုင်ကစားမှု တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ - MFF)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင်ယူ-၂၂ အမျိုးသားအသင်းကို ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြန်လည်ဖွဲ့စည်းရန်လျာထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာသို့ နိုဝင်ဘာ ၂၁ ရက်တွင်ပြောသည်။

“ယူ-၂၂ အမျိုးသားအသင်းကို ပြန်လည်ဖွဲ့စည်းဖို့ အတွက် ယူ-၂၂အသင်းရဲ့နည်းပြချုပ်က တင်ပြထားပါတယ်။ ယူ-၂၂ အသင်း မှာ အလားအလာရှိတဲ့ လူငယ်တွေနဲ့ ပြီးခဲ့တဲ့ဆီးဂိမ်းက အသက်ပြည့်မီတဲ့ကစားသမားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းမှာပါ’’ ဟု၎င်းက ဆက်ပြောသည်။

မြန်မာယူ-၂၂ အသင်းသည် COVID-19 ရောဂါအခြေအနေကြောင့် လက်ရှိတွင်လေ့ကျင့်နိုင်ခြင်းမရှိကြောင်း၊ COVID-19 ရောဂါအခြေအနေပေါ်မူတည်၍ လေ့ကျင့်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာယူ-၂၂ အသင်းကို နည်းပြချုပ်ပိုပေ့ါဗ် မှ ဆက်လက်တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ နည်းပြချုပ်ပိုပေါ့ဗ်သည် ၂၀၁၉ ခုနှစ်ဇန်နဝါရီလတွင် မြန်မာယူ-၂၂ အသင်း ကို စတင်ကိုင်တွယ်ခဲ့ကြောင်း သိရသည်။ နည်းပြချုပ်ပိုပေါ့ဗ်လက်ထက်ထက်တွင် မြန်မာ ယူ-၂၂ အသင်းသည် အဓိကနိုင်ငံတကာပြိုင်ပွဲသုံးခုအားယှဉ် ပြိုင်ခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲသုံးခုအနက် ၂၀၁၉ခုနှစ် SEA Games တွင် အသင်းလိုက် ကစားပုံတိုးတက်ခဲ့ကာ ကြေးတံဆိပ်ဆုရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.