ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ပူနဲမြို့တွင် ကျင်းပခဲ့သည့် (၅၂)ကြိမ်မြောက် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်မှ ကစားသမားများ၊ ရွှေတစ်၊ ငွေနှစ်၊ ကြေးတစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အောက်တိုဘာ ၁၀ ရက်တွင် ယှဉ်ပြိုင်ကစားမည့် အင်ဒိုနီးရှား-မြန်မာ နိုင်ငံတကာဘောလုံးခြေစမ်းပွဲအတွက် ပွဲကြိုညှိနှိုင်း အစည်းအဝေးနှင့် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းက အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာအသင်းတည်းခိုရာ ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အင်ဒိုနီးရှား လက်ရွေးစင် ဘောလုံးအသင်းနှင့် ခြေစမ်းပွဲ ကစားရန်အတွက် ယနေ့ (အောက်တိုဘာ ၈) နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ၂၀၁၉ အာရှယူ – ၁၉ အမျိုးသမီးဘောလုံးခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးဘောအသင်းသည် ထိုင်းလက်ရွေးစင် ယူ-၁၉အမျိုးသမီးအသင်းနှင့် အောက်တိုဘာလ ၅ရက် နှင့် ၇ရက်နေ့များတွင် ခြေစမ်းပွဲ (၂)ပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ၃ ကြိမ်မြောက် အာရှ မသန်စွမ်းသူများ အားကစား ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပသွား မည် ဖြစ်ရာ မြန်မာနိုင်ငံမှ ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ မျက်မမြင် စစ်တုရင် အားကစား နည်း (၄)နည်းမှ မသန်စွမ်း...
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းနှင့် တောင်အမေရိက အသင်းတစ်သင်းဖြစ်သည့် ဘိုလီးဗီးယား လက်ရွေးစင်ဘောလုံးအသင်းတို့ ရန်ကုန်မြို့တွင် ခြေစမ်းပွဲကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှအမျိုးသမီးယူ၁၉ဘောလုံး ပြိုင်ပွဲ 2019 AFC U-19 Women’s Championship Qualification ကို ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် ယူ၁၉ အမျိုးသမီးဘောလုံးအသင်းသည် ပြိုင်ပွဲကြိုပြင်ဆင်မှုအနေဖြင့် ထိုင်းလက်ရွေးစင် ယူ၁၉အမျိုးသမီးဘောလုံးအသင်း နှင့် ခြေစမ်းပွဲ...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၈ အာဆီယံဖူဆယ် ချန်ပီယံ ရှစ်ပြိုင်ပွဲ သို့ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ ပဏာမ ကစားသမားစာရင်း အား မြန်မာနိုင်ငံဖူဆယ်အဖွဲ့ချုပ် မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် 2019 AFC U-19 Women’s Championship Qualification အာရှခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာလက်ရွေးစင် အမျိုးသမီးယူ-၁၉ ဘောလုံးအသင်းသည် ဘောလုံးခြေစမ်းပွဲတွင် စင်္ကာပူလက်ရွေးစင် အမျိုးသမီးယူ-၁၉ ဘောလုံးအသင်းကို ၇-၀ ဂိုးဖြင့် ဂိုးပြတ်...
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) မြန်မာအမျိုးသမီး အိုလံပစ်အသင်း ပါဝင်ယှဉ်ပြိုင်မည့် (Women’s Olympic Football Tournament 2020 Asia Qualifiers Round 1) ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့်အတွက် အုပ်စုနှင့် ပွဲစဉ်ဇယားထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ...