Connect with us

Sport

အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်မှ ကစားသမားများ ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့

အာရှကာယဗလနှင့် ကာယကြံ့ ခိုင်မှုပြိုင်ပွဲတွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သော မြန်မာကစားသမားအဖွဲ့အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ပူနဲမြို့တွင် ကျင်းပခဲ့သည့် (၅၂)ကြိမ်မြောက် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်မှ ကစားသမားများ၊ ရွှေတစ်၊ ငွေနှစ်၊ ကြေးတစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါပြိုင်ပွဲတွင် Men’s Master Body building အသက် ၄ဝ မှ ၄၉ နှစ် ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ထိုင်းမှ ပထမ (ရွှေ)၊ မြန်မာမှ ထွန်းမင်းက ဒုတိယ(ငွေ)နှင့် ထွန်းထွန်းအောင်က စတုတ္ထရရှိ ခဲ့ကြသည်။ ၆၅ ကီလိုတန်းတွင် မြန်မာမှ ထွန်းမင်းက ပထမ(ရွှေ)၊ အိန္ဒိယမှ ဒုတိယ (ငွေ)၊ ဟောင်ကောင်မှ တတိယ(ကြေး) ဖြင့် လည်းကောင်း၊ ၅၅ ကီလိုတန်း တွင် အိန္ဒိယက ပထမ(ရွှေ)၊ မြန်မာမှ ကျော်မင်းသန်းက ဒုတိယ(ငွေ)၊ အိန္ဒိယမှ တတိယ(ကြေး) ဖြင့် လည်းကောင်း၊ ၆ဝ ကီလိုတန်းတွင် ထွန်းထွန်းအောင်က ကြေးတံဆိပ်လည်းကောင်း ရရှိခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.