ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်မှုအန္တရာယ်မှ ကာကွယ်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ စနစ်တကျ လက်ဆေးကြပါစို့ ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗ Video credit to MRTV
ဝူဟန့်၊ မတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် သက်ကြီး ဖိုးဖွားမောင်နှံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်။ ၎င်းတို့သည် ဆေးရုံတစ်ခုတည်းတွင် တက်ရောက်ကုသခံခဲ့ရပြီး အသက် ၇၆ နှစ်အရွယ်အဖွားမှာခင်ပွန်းဖြစ်သူ အသက် ၈၃ နှစ်အရွယ် အဖိုးထံ မကြာမကြာလာရောက်လည်ပတ်ခဲ့သည်။ ၎င်းတို့ မောင်နှံမှာ အမြန်ပျောက်ကင်း သက်သာရန်...
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်ရန် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ရှိ ရိခေါ်ဒါရ် နယ်စပ်ဝင်ထွက်ပေါက်မှ မြန်မာနိုင်ငံဘက်သို့ နိုင်ငံခြားသားများ ဝင်ရောက်ခွင့်အား မတ် ၁၉ ရက်မှ စ၍ ယာယီပိတ်ပင်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ မတ် ၂၁ ရက် ဖော်ပြချက်အရ သိရသည်။
ရောမ၊ မတ် ၂၁ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံး အသွားအလာပိတ်ပင်ထားသော အီတလီနိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြောင့် သေဆုံးသူအရေအတွက်မှာ မတ် ၂၀ ရက်အထိ ၄,၀၃၂ ဦးအထိ မြင့်တက်လာပြီး ရောဂါကူးစက်ခံရ အရေအတွက်မှာ ၄၇,၀၂၁ ဦးရှိလာကြောင်း ပြည်သူ့ကာကွယ်ရေးဌာနက အသစ်ထုတ်ပြန်လိုက်သော...
လူဘယ်လ်ဂျားနား၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဆလိုဗေးနီးယားနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးတွင် ကူညီရန် တရုတ်နိုင်ငံမှ လှူဒါန်းသော ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း အခုရေ ၃၀၀,၀၀၀ သည် ဘယ်လ်ဂျီယံနိုင်ငံမှတစ်ဆင့် လူဘယ်လ်ဂျားနားမြို့သို့ မတ် ၂၀ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နီကိုးဆီးရား၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဆိုက်ပရပ်စ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုအပေါ် ကျေးဇူးတင်ကြောင်း ဆိုက်ပရပ်စ် သမ္မတ နီကို့စ် အန်နက်စ်တေးရှားဒီးစ် (Nicos Anastasiades) က ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်မှုလွယ်ကူစေရန်နှင့် အလုပ်ခန့်ထားမှုသေချာစေရေးအတွက် ပိုမိုကြိုးပမ်းအားထုတ်ကြရန် မတ် ၂၀ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်း ၊ မတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် က တရုတ် နိုင်ငံ အစိုးရ အနေဖြင့် WHO အပါအဝင် နိုင်ငံပေါင်း ၈၂ နိုင်ငံ အား ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း...
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ သို့ လာရောက်သည့် ခရီးသွားများအပေါ်ကြိုတင်ကာကွယ်ရေးထပ်တိုး ကန့်သတ်ချက်များထုတ်ပြန်လိုက်ပြီး ထိုထပ်တိုးကန့်သတ်ချက်များသည် မတ်လ ၂၁ ရက်နေ့ ခရီးသည်ထွက်ခွာလာသည့် နိုင်ငံ ၏ ဒေသစံတော်ချိန် (၀၀း၀၀) နာရီ မှ စတင်အသက်ဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က မတ် ၂၀...
ကွမ်ကျိုး၊ မတ် ၂၀ ရက် (ဆင်ဟွာ) COVID-19 ဖြစ်ပွားမှု ကို ဝူဟန့်မြို့တွင် စတင် တွေ့ရှိခဲ့သော်လည်း ၎င်းမှာ ဝူဟန့်မြို့မှ အစပျိုးသည့် ဗိုင်းရပ်စ်ဟု ယူဆနိုင်ဖွယ်မရှိကြောင်း တရုတ်နိုင်ငံ ၏ ကျော်ကြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာပညာရှင် ကျုန်းနန်ရှန်း ဆိုသူ က မတ် ၁၈ ရက်တွင်ပြောကြားခဲ့သည်။...