Connect with us

Asia

နီပေါနိုင်ငံတွင် တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးကို အရေးပေါ်အသုံးစွဲရန် ခွင့်ပြုချက်ပေး

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တရုတ်အမျိုးသားဆေးဝါးလုပ်ငန်းစု Sinopharm မှထုတ်လုပ်သော ကိုဗစ်ကာကွယ်ဆေးနမူနာတစ်ခုကို ဝန်ထမ်းတစ်ဦးက ပြသနေသည်ကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၀ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံဆေးဝါး စည်းမျဉ်းစည်းကမ်းအဖွဲ့က တရုတ်နိုင်ငံဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Sinovac Biotech မှ တီထွင်ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်သုံးစွဲရန် ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ နီပေါနိုင်ငံတွင် လက်တလော ကပ်ရောဂါ ဒုတိယလှိုင်းရိုက်ခတ်မှုဒဏ်ကို ဆိုးဆိုးရွားရွားခံစားနေရကြောင်း သိရသည်။ယင်းမှာ နီပေါနိုင်ငံတွင် အရေးပေါ်သုံးစွဲရန် ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာနက အတည်ပြုချက်ပေးလိုက်သော ဒုတိယမြောက် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတစ်မျိုး ဖြစ်သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တရုတ်အမျိုးသားဆေးဝါးလုပ်ငန်းစု Sinopharm မှထုတ်လုပ်သော ကိုဗစ်ကာကွယ်ဆေးနမူနာတစ်ခုကို ဝန်ထမ်းတစ်ဦးက ပြသနေသည်ကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၀ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

နီပေါနိုင်ငံသည် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Sinopharm ဆေးဝါးလုပ်ငန်း လက်အောက်ခံ ဇီဝနည်းပညာပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုရန်အတွက် ထောက်ခံအတည်ပြုချက် ခွင့်ပြုပေးထားပြီးဖြစ်သည်။

“ အားလုံးကို အသိပေးချင်တာက နီပေါနိုင်ငံမှာ Sinovac Life Science ကုမ္ပဏီက ထုတ်လုပ်တဲ့ CoronaVac က ကိုဗစ်ကာကွယ်ဆေး(Vero Cell) ကို အရေးပေါ်သုံးစွဲဖို့ ခွင့်ပြုချက်ပေးထားပြီးဖြစ်ပါတယ် ” ဟု နီပေါနိုင်ငံ ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာန၏ သောကြာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်း ကာကွယ်ဆေးကို အသက် ၁၈ နှစ် သို့မဟုတ် ၁၈ နှစ်အထက် လူတစ်ဦးချင်းစီ၏ ခန္ဓာကိုယ်ခုခံအားစနစ်အတွက် ထိုးနှံရန် ခွင့်ပြုထားကြောင်း ဌာနထုတ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နီပေါဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာန ညွှန်ကြားရေးမှူးချုပ် Bharat Bhattarai က ဇွန် ၅ ရက်တွင် ဆင်ဟွာသတင်းဌာနသို့ပြောကြားရာ၌ ကာကွယ်ဆေးနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်များကို စည်းမျဉ်းစည်းကမ်းအတိုင်း Sinovac ကုမ္ပဏီထံမှ အပြည့်အဝပံ့ပိုးပေးပြီးနောက်တွင် ယခုကဲ့သို့ ယင်းဆေးဝါးအား နီပေါ၌ သုံးစွဲရန် ခွင့်ပြုမိန့် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ ဒါဟာ ဌာနဆီကနေ စည်းမျဉ်းစည်းကမ်းနဲ့အညီ နောက်ဆုံး ထောက်ခံအတည်ပြုချက် ရရှိခဲ့တဲ့ ဆေးဝါးလည်းဖြစ်ပါတယ်၊ လက်တလောမှာ ထောက်ခံအတည်ပြုချက်အတွက် နောက်ထပ် ဘယ်ဆေးဝါးကုမ္ပဏီဆီကမှ လျှောက်လွှာတင်သွင်း ထားတာမျိုး လက်ခံရရှိထားခြင်းမရှိပါဘူး ” ဟု Bhattarai ကဆိုသည်။

ဇွန် ၁ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က Sinovac ကာကွယ်ဆေးအား အသက် ၁၈ နှစ်အထက် အများပြည်သူ အရေးပေါ်သုံးစွဲခွင့်အတွက် တရားဝင်ထောက်ခံအတည်ပြုချက်ပေးခဲ့သည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်အပြင်းအထန် တိုက်ခိုက်မှုခံစားနေရသည့် နီပေါနိုင်ငံ၌ COVID-19 ကာကွယ်ဆေး ထောက်ပံ့မှု နည်းပါးစွာ လက်ခံရရှိနေသဖြင့် နိုင်ငံ့လူဦးရေ သန်း ၃၀ အနက် ၂ ရာခိုင်နှုန်းခန့်ကိုသာ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပေးထားရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သော သောကြာနေ့အထိ နီပေါနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၅၈၁,၅၆၀ ဦး နှင့် သေဆုံးသူ ၇,၇၃၁ ဦး အသီးသီးရှိကြောင်း သိရသည်။(Xinhua)

————————————————–
(English Version)

China’s Sinovac COVID-19 vaccine approved for emergency use in Nepal

KATHMANDU, June 5 (Xinhua) — Nepal’s drug regulator has approved the COVID-19 vaccine developed by Chinese pharmaceutical company Sinovac Biotech for emergency use in the country, which is suffering from a deadly second wave of the pandemic.

It is the second Chinese vaccine to have got approval from the Department of Drug Administration for emergency use in Nepal.

Nepal has already granted approval to the COVID-19 vaccine developed by China’s Beijing Institute of Biological Products Co. Ltd, under Sinopharm, for emergency use in Nepal.

“It is to notify to all concerned that the conditional permission has been granted for emergency use authorization of COVDI-19 Vaccine (Vero Cell) Inactivated (CoronaVac) manufactured by Sinovac Life Sciences Co. Ltd in Nepal,” said a statement issued by the department on Friday.

According to the department, the vaccine was approved for immunization of individuals aged 18 or above.
Bharat Bhattarai, director general of the department, told Xinhua on Saturday that the authorization was granted to Sinovac after the regulator completed the study of the data provided by the Chinese company.

“It is also the last vaccine to get regulatory approval from the department. We have not received an application from any additional company for approval at the moment,” said Bhattarai.
On June 1, the World Health Organization validated the Sinovac vaccine for emergency use for people 18 years and older.

In face of the raging coronavirus, Nepal has only got 2 percent of its some 30 million population administered twice for now as there is a short supply of vaccines, according to the Health Ministry.

As of Friday, the South Asian nation had recorded 581,560 confirmed COVID-19 infections and a death toll of 7,731.
1- A staff member displays a sample of the COVID-19 inactivated vaccine at a vaccine production plant of China National Pharmaceutical Group (Sinopharm) in Beijing, capital of China, April 10, 2020. (Xinhua/Zhang Yuwei)

2- A girl receives the first dose of COVID-19 vaccine at a hospital in Kathmandu, Nepal, on April 7, 2021. (Xinhua/Sulav Shrestha)