Connect with us

Europe

မန်စီးတီး နောက်တန်းကစားသမား Rúben Dias က ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အင်္ဂလန်ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရ

မန်စီးတီးအသင်း နောက်တန်းကစားသမား Rúben Dias (ယာ) ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ် ဘောလုံးရာသီ၏ အကောင်းဆုံး ကစားသမားဆုကို ထုတ်ပြန်ကြေညာခဲ့ရာတွင် မန်စီးတီးအသင်း နောက်တန်းကစားသမား Rúben Dias သည် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသည့် စတုတ္ထမြောက် နောက်တန်းကစားသမား တစ်ဦးဖြစ်လာခဲ့ကြောင်း ပရီးမီးယားလိဂ်၏ ဇွန် ၅ ရက် ထုတ်ပြန်ချက် အရ သိရသည်။ယခုနှစ်တွင် အသက် ၂၄ နှစ် ရှိသော Rúben Dias က ပြီးခဲ့သော စက်တင်ဘာလက Benfica အသင်း မှ မန်စီးတီး အသင်းသို့ ပြောင်းရွှေ့လာသော ကစားသမားတစ်ဦးဖြစ်ကြောင်း ၊ ၎င်းသည် မန်စီးတီးအသင်းတွင် ကောင်းစွာချိတ်ဆက်ကစားနိုင်ခဲ့ပြီး ၄ နှစ်အတွင်း အင်္ဂလန်ပရီးမီးယားလိဂ် ဖလား ၃ ကြိမ်ရရှိခဲ့သည့် မန်စီးတီးအသင်းအတွက် ယခုနှစ်ဘောလုံးရာသီတွင် များစွာအထောက်အကူပြုပေးခဲ့ကြောင်း ၊ ၎င်းပါဝင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ၃၂ ပွဲတွင် ၂၃ ပွဲ အနိုင်ရရှိခဲ့ကာ ၁၅ ပွဲမှာ ပေးဂိုးလုံးဝမရှိခဲ့ကြောင်း ၊ ၎င်းအနေဖြင့် ယင်းပွဲစဉ်များတွင် တစ်ဘက်ကစားသမားများအား တားဆီးမှု ၃၅ ကြိမ် နှင့် ဘောလုံးရှင်းထုတ်မှု ၂၄ လုပ်ဆောင်နိုင်ခဲ့ပြီး ၂၃ ကြိမ် ပိတ်ဆို့မှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အကောင်းဆုံးကစားသမားဆုအား ရွေးချယ်ရာတွင် ပရိသတ်၏ မဲပေးမှု ၊ အင်္ဂလန်ပရီးမီးယာလိဂ် ဘောလုံးအသင်း ၂၀ မှ အသင်းခေါင်းဆောင်များ၏ မဲပေးမှု နှင့် ဘောလုံး သုံးသပ်သူများ၏ ဆုံးဖြတ်ချက်တို့ဖြင့် ပေါင်းစပ်၍ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ၊ Rúben Dias သည် မန်စီးတီးအသင်း ကစားဖော် ကယ်ဗင်ဒီဘရိုင်း ၊ မန်ယူအသင်း ကွင်းလယ်ကစားသမား ဗျူနိုဖာနန်ဒက် ၊ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီးကိန်း စသည့် အခြားကစားသမား ၇ ဦးထက် မဲရမှတ် ကျော်လွန်ကာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် စတုတ္ထမြောက် အကောင်းဆုံးကစားသမားဆု ရရှိသည့် နောက်တန်းကစားသမား တစ်ဦးဖြစ်လာခဲ့သည်။

Rúben Dias မတိုင်ခင်က မန်ယူကစားသမားဟောင်း ဗီဒစ် ၊ မန်စီးတီးကစားသမား ဗင့်ဆင့်ကွန်ပန်နီ နှင့် လီဗာပူးလ်ကစားသမား Virgil van Dijk တို့က နောက်တန်းကစားသမား တစ်ဦးအနေဖြင့် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ဖူးကြောင်း ၊ Rúben Dias သည် စီရော်နယ်ဒို ပြီးနောက် ယင်းဆုကို ရရှိခဲ့သည့် ဒုတိယမြောက် ပေါ်တူဂီကစားသမားဖြစ်လာကြောင်း သိရသည်။

အခြားဆုများအားရွေးချယ်ခဲ့ရာတွင် မန်စီးတီးအသင်း လူငယ်ကစားသမား Phil Foden က အကောင်းဆုံးလူငယ်ကစားသမားအဖြစ်လည်းကောင်း ၊ မန်စီးတီးအသင်းနည်းပြ Pep Guardiola က အကောင်းဆုံး နည်းပြအဖြစ်လည်းကောင်း ၊ စပါးအသင်း ကစားသမား Érik Lamela ၏ အာဆင်နယ်အသင်း နှင့် ယှဉ်ပြိုင်စဉ် သွင်းယူခဲ့သည့် ဂိုးအား အကောင်းဆုံးဂိုးအဖြစ်လည်းကောင်း အသီးသီးရွေးချယ်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————————————————–
( Chinese Version)

(体育•国际足球)曼城后卫迪亚斯当选2020-2021赛季英超最佳球员

新华社伦敦6月5日电(记者张薇)英格兰足球超级联赛5日公布了2020-2021赛季最佳球员奖项得主,曼城后卫迪亚斯成为英超历史上第四位斩获这一殊荣的后卫。

24岁的迪亚斯去年9月由本菲卡加盟曼城,与“蓝月亮”阵容实现无缝衔接,为球队实现英超四年三冠立下汗马功劳。在迪亚斯出战的32场英超比赛中,曼城23场获胜,15场零失球,其中葡萄牙人送上35次拦截,24次铲断以及23次封堵。

由公众选票结合英超20支球队队长投票外加一个足球专家小组的决议,迪亚斯击败曼城队友德布劳内、曼联中场费尔南德斯、热刺射手凯恩等另外7名候选人,成为历史上当选英超最佳球员的第四位后卫。

在他之前,只有曼联的维迪奇、曼城的孔帕尼以及利物浦的范迪克作为后卫线球员赢得过这一奖项。另外,迪亚斯也成为继克•罗纳尔多之后第二位收获该奖项的葡萄牙球员。

其他奖项评选中,曼城小将福登当选最佳新秀,曼城主帅瓜迪奥拉获评最佳教练,热刺队拉梅拉在对阵阿森纳时的一记插花脚进球获选最佳进球。(完)

Photo
新华社照片,巴黎,2021年4月29日
(新华视界)(4)足球——欧冠:巴黎圣日耳曼不敌曼城
4月28日,巴黎圣日耳曼队球员内马尔(左)和曼城队球员迪亚斯在比赛中拼抢。
当日,在法国巴黎进行的2020-2021赛季欧洲足球冠军联赛半决赛首回合比赛中,法甲巴黎圣日耳曼队以1比2不敌英超曼城队。
新华社记者 高静 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.