Connect with us

Asia

အရှေ့တီမောနိုင်ငံ ဒုတိယဝန်ကြီးချုပ် က တရုတ်နိုင်ငံ၏ ကာကွယ်ဆေး ထောက်ပံ့မှုသည် လွန်စွာအရေးပါပြီး အချိန်မီ ပေးအပ်သော အကူအညီဖြစ်ကြောင်း ပြောကြား

အရှေ့တီမောနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ရှောင်းကျန့်ကော် (ဝဲ မှှ ၃) က ဇွန် ၅ ရက်၌ Dili နိုင်ငံတကာလေဆိပ်တွင် တရုတ်နိုင်ငံအစိုးရ မှ ကူညီထောက်ပံ့ပေးသည့် Sinovac ကာကွယ်ဆေး များအား လွှဲပြောင်းပေးအပ်နေစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အရှေ့တီမောနိုင်ငံ ဒုတိယဝန်ကြီးချုပ် Armanda Berta dos Santos က ဇွန် ၅ ရက်၌ ပြုလုပ်သော တရုတ်နိုင်ငံအစိုးရမှ ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါ ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်စဉ် နိုင်ငံ၌ COVID-19 ကပ်ရောဂါ ပြင်းပြင်းထန်ထန်ခံစားနေရချိန်တွင် အရှေ့တီမောနိုင်ငံ ပြည်သူများအနေဖြင့် ကာကွယ်ဆေးအရေးပေါ်လိုအပ်နေပြီး တရုတ်နိုင်ငံ မှ ယခုအသုတ် ကူညီထောက်ပံ့ပေးသည့် ကာကွယ်ဆေးများမှာ လွန်စွာအရေးပါပြီး အချိန်မီ ပေးအပ်သော အကူအညီဖြစ်ကြောင်း ပြောကြားခဲ့သည်။အရှေ့တီမောနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ရှောင်းကျန့်ကော် က ဇွန်လ ၅ ရက်၌ Dili နိုင်ငံတကာလေဆိပ်တွင် ပြုလုပ်သည့် အရှေ့တီမောနိုင်ငံ အစိုးရထံသို့ တရုတ်နိုင်ငံ အစိုးရ မှ ကူညီထောက်ပံ့ပေးသည့် Sinovac ကာကွယ်ဆေး နှင့် ဆေးထိုးအပ်များ လွှဲပြောင်းပေးပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး အရှေ့တီမောနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့်အတူ လွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာ စာရွက်စာတမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

အရှေ့တီမောနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ရှောင်းကျန့်ကော် (ဝဲ မှှ ၃) က ဇွန် ၅ ရက်၌ Dili နိုင်ငံတကာလေဆိပ်တွင် တရုတ်နိုင်ငံအစိုးရ မှ ကူညီထောက်ပံ့ပေးသည့် Sinovac ကာကွယ်ဆေး များအား လွှဲပြောင်းပေးအပ်နေစဉ်(ဆင်ဟွာ)

ယင်းအခမ်းအနား၌ တရုတ်နိုင်ငံသံအမတ်ကြီး ရှောင်းကျန့်ကော် က အမှာစကားပြောကြားရာတွင် ယခုနှစ် ဧပြီလမှစတင်၍ အရှေ့တီမောနိုင်ငံတွင် COVID-19 ကပ်ရောဂါအခြေအနေသည် ဆိုးရွားလာခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ကာလတစ်လျှောက် ကပ်ရောဂါအခြေအနေ နှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်နေပြီး ကာကွယ်ဆေးကူညီထောက်ပံ့ပေးရန်တောင်းဆိုမှုကိုလည်း လွန်စွာ အလေးထားကာ အရှေ့တီမောနိုင်ငံ အား ကာကွယ်ဆေးကူညီထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ၊ ယင်းဆောင်ရွက်မှု က တရုတ်နိုင်ငံ၏ အရှေ့တီမောနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ခိုင်မြဲစွာ ထောက်ခံမှု နှင့် နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးအား လွန်စွာအလေးထားသည်ကို ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အရှေ့တီမောနိုင်ငံ၏ ကပ်ရောဂါအခြေအနေ ပြောင်းလဲမှုကို ဆက်လက်၍ စောင့်ကြည့်ပေးသွားမည်ဖြစ်ပြီး အရှေ့တီမောနိုင်ငံ ကပ်ရောဂါ ထိန်းချုပ်ရေး နှင့် လူမှုစီးပွားပြန်လည် ကောင်းမွန်လာစေရန်တို့အတွက် အစွမ်းကုန် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အရှေ့တီမောနိုင်ငံ ကျန်းမာရေးဝန်ကြီး Odete Maria Belo က အမှာစကားပြောကြားရာတွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် တရုတ်နိုင်ငံက အမြဲတမ်း အရှေ့တီမောနိုင်ငံ နှင့် အတူတကွ ရပ်တည်ပေးခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အတိုင်းအတာ ကြီးမားသော ဆေးဘက်ဆိုင်ရာ ပစ္စည်းများအား အချိန်မီ ကူညီထောက်ပံ့ပေးခဲ့သဖြင့် အရှေ့တီမောနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အားကောင်းသော ကူညီထောက်ပံ့မှုဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————————————————–
( Chinese Version)

(国际)东帝汶副总理:中国疫苗援助非常重要非常及时

新华社雅加达6月5日电(记者余谦梁 汪奥娜)帝力消息:东帝汶副总理阿曼达5日在出席中国政府援助的新冠疫苗交接仪式时表示,面对来势汹汹的新冠疫情,东帝汶民众急需疫苗保护,中国这批疫苗援助非常重要、非常及时。

中国驻东帝汶大使肖建国当天在帝力国际机场向东帝汶政府移交中国政府援助的科兴疫苗及注射器,阿曼达与肖建国签署了交接文件。
肖建国在致辞中表示,自今年4月以来,东帝汶新冠疫情恶化,中方始终关注其疫情发展,高度重视其提出的援助疫苗的请求,决定向东方提供疫苗援助。这充分体现了中方对东帝汶抗疫的坚定支持以及对两国友好合作关系的高度重视。中方将继续关注东帝汶疫情的变化发展,为其疫情防控和经济社会恢复重建提供力所能及的帮助。

东帝汶卫生部长贝洛在致辞中表示,在疫情防控中,中方始终与东方坚定站在一起,及时提供了大量医疗物资援助,有力支持了东帝汶抗击疫情。(完)

Photo
1. 6月5日,中国驻东帝汶大使肖建国(前左三)在帝力国际机场向东帝汶政府移交中国政府援助的科兴疫苗。新华社发
2. 6月5日,东帝汶副总理阿曼达(前右)与中国驻东帝汶大使肖建国(前左)在帝力签署疫苗交接文件。新华社发