ဝူဟန့်၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) အများဆုံးဖြစ်ပွားရာ ဝူဟန့်မြို့တွင် COVID-19 လူနာအရေအတွက် ဆက်တိုက်လျော့ကျလာသဖြင့် မတ် ၉ ရက်၌ အများပြည်သူအသုံးပြုသော အဆောက်အအုံမှ ယာယီဆေးရုံအဖြစ် ပြောင်းလဲထားသည့် နောက်ထပ်ဆေးရုံတစ်ရုံကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် COVID-19 ဖြစ်ပွားရာ ဟူပေပြည်နယ်၊ ဝူဟန့်မြို့သို့ ယနေ့ (မတ် ၁၀ ရက်) ရောက်ရှိလာပြီးနောက် ဟောဆန်ဆန်းဆေးရုံသို့ ချက်ချင်းသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ မတ် ၁၀ ရက်(ဆင်ဟွာ) မတ် ၉ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်း စံတော်ချိန်(ET) ၂၀ နာရီခန့်အထိ အမေရိကန်နိုင်ငံ တစ်ဝှမ်းတွင် COVID-19 ရောဂါဖြစ်ပွားသူ ၆၀၅ ဦး ရှိပြီး သေဆုံး သူ ၂၂ ဦးရှိကြောင်း Johns Hopkins တက္ကသိုလ်၏...
ပေကျင်း ၊ မတ် ၁၀ ရက်(ဆင်ဟွာ) ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) သို့ ပေးအပ်လှူဒါန်းမည့် တရုတ်နိုင်ငံ၏ အလှူငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို ကမာ္ဘလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးတွင် ထောက်ခံအားပေးရန် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ပြည်သူ့ကျန်းမာရေးစနစ်တည်ဆောက်ရာတွင် အသုံးပြုသွားရန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang...
ဝူဟန့်၊မတ် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်အဓိကကူးစက်မှုဖြစ်ပွားရာ ဟူပေပြည်နယ်တွင် မတ် ၉ ရက်က ရောဂါဖြစ်ပွားသူအသစ် ၁၇ ဦး နှင့် သေဆုံးသူ ၁၇ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးကော်မရှင်က ယနေ့မတ် ၁၀ ရက်တွင်ပြောကြားခဲ့သည်။
ဝူဟန့် ၊ မတ် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ယနေ့မတ် ၁၀ ရက်တွင် COVID-19 ကူးစက်ရောဂါ အဓိကဖြစ်ပွားရာ ဝူဟန့်မြို့သို့သွားရောက်၍ ဟူပေပြည်နယ် နှင့် ယင်း၏မြို့တော် ဝူဟန့်မြို့တို့၌ ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စီချွန်း၊ မတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွန်းပြည်နယ် ချန်တူးမြို့ ရှိ ချန်တူးအခြေစိုက် Maccura Biotechnology Co.,ltd က နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုရှိမရှိ သွေးရည်ကြည်မှ တစ်ဆင့် စစ်ဆေးနိုင်သည့် ကိရိယာအသစ်များကို ထုတ်လုပ်ခဲ့ကြောင်းသိရသည်။ ထိုကိရိယာများသည် ရောဂါကို တိကျစွာဖော်ထုတ်နိုင်သောကြောင့် မှားယွင်းကောက်ချက်ချမှုများကို...
ရှီးအန်း၊ မတ် ၉ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကောင်းမွန်စွာ ဆောင်ရွက်နေသည့် တစ်ချိန်တည်းတွင်ပင် တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ရှိ မြေအောက်ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းများကို စနစ်တကျ ပြန်လည် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဖနွမ်းပင်၊ မတ် ၉ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏ ချည်မျှင်နှင့်အထည်ချုပ်လုပ်ငန်းများအတွက် လိုအပ်သော ကုန်ကြမ်းများကို ဖြေရှင်းနိုင်ရန် တရုတ်နိုင်ငံ သက်ဆိုက်ရာမှ လျင်မြန်စွာ ဆောင်ရွက်လျက်ရှိရာ ကုန်ကြမ်းပစ္စည်းများ မတ် ၉ ရက်မှစ၍ ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှတစ်ဆင့် သိရသည်။
ပေကျင်း ၊ မတ် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှိ လူမှုရေးပရဟိတအဖွဲ့များနှင့် ကြက်ခြေနီအဖွဲ့များသည် မတ် ၈ ရက် ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် နိုင်ငံတစ်ဝှမ်းမှ ပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေ တရုတ်ယွမ် ၂၉.၂၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၂၃ ဘီလီယံ) နှင့် ထောက်ပံ့ပစ္စည်းမျိုးစုံ ၅၂၂ သန်းကို...