Connect with us

Science & Technology

တရုတ်နိုင်ငံတွင် 5G ကွန်ရက်ဖြင့် ဖုန်းချိတ်ဆက်သုံးစွဲသူ သန်း ၃၀၀ ကျော် အထိရောက်ရှိလာ

ပေကျင်း ၊ မေ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ ပြောကြားချက်အရ ဧပြီလကုန်ပိုင်းအချိန်ထိ တရုတ်နိုင်ငံ အခြေခံဆက်သွယ်ရေး ကုမ္ပဏီ ၃ ခု၏ မိုဘိုင်းဖုန်း အသုံးပြုသည့် လူဦးရေမှာ စုစုပေါင်း ၁.၆၀၅ ဘီလီယံအထိရောက်ရှိလာခဲ့ပြီး 5G ဖုန်းဖြင့် ချိတ်ဆက်အသုံးသူဦးရေမှာ သန်း ၃၁၀ ခန့်အထိ ရောက်ရှိလာကြောင်း သိရှိရသည်။5G ကွန်ရက်အား မိုဘိုင်းဖုန်း၌ အသုံးပြုသူများ ကြီးမားစွာတိုးပွားလာသည့် အပြင် ဆော့လ်ဝဲအသစ်များ ထွက်ပေါ်လာမှုကလည်း သိသာထင်ရှားလာကြောင်း သိရသည်။စီမံခန့်ခွဲမှုစနစ် နှင့် ကုန်ကြမ်းပစ္စည်းထိန်းချုပ်မှုစာရင်းတို့အား ပေါင်းစပ်ကာ အရင်းအမြစ်ခွဲခြမ်းစိတ်ဖြာမှု တစ်ပြေးညီတည်းဖြစ်စေရန်ဆောင်ရွက်ခြင်း ၊ လုပ်ငန်းခွင့်ရှိ စက်ယန္တယားကြီးများအား စမတ်နည်းပညာချိတ်ဆက်မှုဆောင်ရွက်ပြီး လုံခြုံရေးအန္တရာယ်များကို လျှော့ချခြင်း စသည့် ခေတ်ရှေ့ပြေးနည်းပညာများကို ဆန်းကျန့်စက်မှုဇုန် စီမံကိန်းတွင် အသုံးပြုနေပြီဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် စမတ်လုပ်ငန်းခွင်အပြင် ၊ တရုတ်နိုင်ငံ၌ ဆန်းသစ်တီထွင်ထားသည့် 5G ဆော့လ်ဝဲပေါင်း ၉ ထောင်ကျော်ရှိနေပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ စက်မှု နှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန၏ စာရင်းပြုစုချက်များအရ သိရှိရသည်။

ဧပြီလကုန်ပိုင်းအချိန်ထိ တရုတ်နိုင်ငံ အခြေခံဆက်သွယ်ရေး ကုမ္ပဏီ ၃ ခု၏ Cellular network အသုံးပြုသူမှာ ၁.၂၃၆ ဘီလီယံအထိရောက်ရှိလာခဲ့ပြီး ၎င်းတို့အနက် စမတ်ကုန်ထုတ်လုပ်မှု ၊ စမတ်လမ်းပန်းဆက်သွယ်ရေး နှင့် စမတ်အများပြည်သူလုပ်ငန်းများတွင် အသုံးပြည်သူဦးရေမှာ ၁၇.၃ ၊ ၁၇.၈ နှင့် ၂၁.၉ ရာခိုင်နှုန်းအထိ အသီးသီးဖွံ့ဖြိုးတိုးတက်လာခဲ့ကာ 5G နည်းပညာက လုပ်ငန်းပေါင်းစုံသို့ လျင်မြန်စွာ ဝင်ရောက်လာနေကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ စာရင်းပြုစုချက်အရ ၂၀၂၅ ခုနှစ်တွင် 5G က စီးပွားရေးတိုးတက်မှု တရုတ်ယွမ်ငွေ ၂.၉၃ ထရီလီယံကို တိုက်ရိုက်တွန်းအားပေးသွားနိုင်မည်ဖြစ်ကြောင်း ၊ နောက်တစ်ဆင့်အနေဖြင့် ဝန်ကြီးဌာနက 5G စနစ်၏ အားသာချက်ကို တိုးမြှင့်ကာ 5G App အား စနစ်ကျတိုးတက်အောင်တွန်းအားပေး မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

———————————————
(Chinese Version)

工信部:5G手机终端连接数超3亿户

新华社北京5月25日电(记者张辛欣)记者25日从工信部获悉,截至4月末,三家基础电信企业移动电话用户总数达16.05亿户,5G手机终端连接数达3.1亿户。
5G加快应用不仅在于手机用户数量的大幅增长,更体现在新应用的活跃。  将任务管理系统、材料管理数据库相结合,实现工期与工程实物、资源配置统一;把施工现场大型机械智能连接,减少安全隐患……搭载先进信息技术的智慧工地已在中建三局北京公司保定深圳园项目践行。工信部数据显示,目前,包括智慧工地在内,我国已有超过9000个5G应用创新案例。

截至4月末,三家基础电信企业发展蜂窝物联网终端用户12.36亿户。其中,应用于智能制造、智慧交通、智慧公共事业的终端用户占比分别达17.3%、17.8%、21.9%,5G正加速融入千行百业。
工信部预计,到2025年,5G将直接带动经济增加值2.93万亿元。下一步,工信部将持续增强5G系统领先优势,系统化推进5G应用发展,提升网络供给能力,丰富融合应用,拓展重点行业应用。(完)

Photo
2月25日,在西班牙巴塞罗那,人们在OPPO品牌展区参观。 2019年世界移动通信大会25日在西班牙巴塞罗那开幕,多家企业推出包括5G手机在内的一系列5G产品和技术方案。 新华社记者 郭求达 摄