ဘန်ကောက် ၊ မေ ၃ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှု အဆိုးရွားဆုံး ဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ မေ ၃ ရက်တွင် COVID-19 လူနာသစ် ၂,၀၄၁ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး လူနာပေါင်း ၇၀,၀၀၀ ဦးကျော်ထိ ရှိလာခဲ့ကြောင်း ၊ ထပ်မံသေဆုံးသူ ၃၁ ဦးနှင့်အတူ...
ကဘူးလ် ၊ မေ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နှင့် နေတိုးတပ်ဖွဲ့ဝင်များသည် မေ ၁ ရက်မှစတင်၍ အာဖဂန်နစ္စတန်နိုင်ငံ မှ တရားဝင်စတင်ထွက်ခွာကြမည်ဖြစ်ရာ အစီအစဉ်အရ စက်တင်ဘာ ၁၁ ရက်မတိုင်မီ တပ်ဖွဲ့ဝင်များအားလုံးကို အာဖဂန်နစ္စတန်နိုင်ငံမှ အလုံးစုံ ပြန်လည်ခေါ်ဆောင်သွားတော့မည်ဖြစ်သည်။
ပေကျင်း ၊ မေ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် မေ ၁ ရက်အထိ ပြည်သူ ၁၄ ဒသမ ၅၅ သန်းကျော်သည် ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်ကြောင်း ပေကျင်းမြူနီစပယ် ကျန်းမာရေးကော်မရှင်ထံမှ သိရသည်။
ဒါကာ၊ မေ ၃ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပတ်မာ(Padma) မြစ်ထဲ၌ ယနေ့ မေ ၃ ရက် နံနက်ပိုင်းတွင် စပိဘုတ်လှေတစ်စင်း နှင့် သဲတင် သင်္ဘောတစ်စင်း ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားရာ လူပေါင်း ၂၅ ဦးထက်မနည်းသေဆုံးသွားကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့သည်။
အစ္စလာမ်မာဘတ်၊မေ ၃ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ပါကစ္စတန်နိုင်ငံလာဟိုးမြို့(Lahore) ၌ မေ ၁ ရက် နှင့် ၂ ရက်နေ့များတွင် တစ်မြို့လုံးအတိုင်းအတာဖြင့် အလုံးစုံပိတ်ဆို့မှုလော့ဒေါင်း(lockdown) ပြုလုပ်ခဲ့ကြောင်း သိရသည်။
စင်ကာပူ ၊ မေ ၃ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက(MOH)က မေ ၂ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၃၉ ဦး စစ်ဆေးတွေ့ရှိကြောင်း နှင့် နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း ၆၁,၂၁၈ ဦးထိရောက်ရှိလာခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ယင်းအတည်ပြုလူနာသစ်များအနက် ၂၅ ဦးမှာ ပြည်ပမှ ဝင်ရောက်လာသူများဖြစ်ပြီး ၁၄ ဦးမှာ...
ရန်ကုန် ၊ မေ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရက လှူဒါန်းသည့် COVID-19 ကာကွယ်ဆေး အသုတ်တစ်သုတ်သည် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ မေ ၂ ရက်တွင် ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ဘေရွတ်၊မေ ၂ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ အနောက် Bekaa ဒေသရှိ Qaraoun ရေကန်ကြီး၏ ကမ်းစပ်တွင် မကြာသေးမီက ငါးအမြောက်အမြားသေဆုံးလျက်ရှိရာ ယင်းနေရာ၌ ပိုမိုဆိုးရွားလာသော ပတ်ဝန်းကျင်ညစ်ညမ်းမှုအနေအထားအပေါ် သတိပေးခေါင်းလောင်းထိုးသံ တစ်ခုဖြစ်ကြောင်း သိရသည်။
မနီလာ ၊ မေ ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ COVID-19 လူနာသစ် ၈,၃၄၆ ဦး စစ်ဆေးတွေ့ရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ အရေအတွက် ၁,၀၅၄,၉၈၃ ဦးထိ ရောက်ရှိလာခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဌာန(DOH)က မေ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ မေ ၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်ရှိ နောက်ဆုံးအသုတ် အမေရိကန်တပ်ဖွဲ့ဝင် (၂,၅၀၀)မှ(၃,၅၀၀)ခန့်ကို မေ ၁ ရက်တွင် ရုပ်သိမ်းလိုက်ပြီဖြစ်ရာ နှစ်(၂၀)နီးပါးကြာ အာဖဂန်စစ်ပွဲ အဆုံးသတ်တော့မည်ဖြစ်ကြောင်း သိရသည်။