Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စပိဘုတ်လှေ နှင့် သဲတင်သင်္ဘော တိုက်မိခြင်းကြောင့် အနည်းဆုံး လူ ၂၅ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စပိဘုတ် နှင့် သဲတင်သင်္ဘောတိုက်မိမှုတွင် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒါကာ၊ မေ ၃ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပတ်မာ(Padma) မြစ်ထဲ၌ ယနေ့ မေ ၃ ရက် နံနက်ပိုင်းတွင် စပိဘုတ်လှေတစ်စင်း နှင့် သဲတင် သင်္ဘောတစ်စင်း ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားရာ လူပေါင်း ၂၅ ဦးထက်မနည်းသေဆုံးသွားကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့သည်။

ယင်းမတော်တဆမှုသည် ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်တွင်ဖြစ်ပွားခဲ့ပြီးနောက် လူများစွာ ပျောက်ဆုံးလျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အမှုစစ်ရဲအရာရှိ Ashiqur Rahman ၏ ပြောကြားချက်ကို ကိုးကား၍ Prothom Alo ဘင်္ဂလားနေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

လက်ရှိအချိန်ထိ ရုပ်အလောင်း ၂၅ လောင်းကို ဆယ်ယူရရှိထားပြီး အခြား အသက်ရှင်လျက် လူ ၅ ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့ကြောင်း အမှုစစ်ရဲအရာရှိ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

—————————————
(English Version)
At least 25 dead as speedboat hit by bulkhead in Bangladesh
DHAKA, May 3 (Xinhua) — At least 25 people were killed as a speedboat capsized after a head-on collision with a sand-laden bulkhead in Bangladesh’s Padma river on Monday morning, local media reported.

Several people were still missing after the accident that occurred at around 7 a.m. local time, Bangla daily Prothom Alo quoted Inspector Ashiqur Rahman of Banglabazar Ferry Ghat Traffic Police as reporting.
While 25 bodies had been recovered so far, five others were rescued alive, the inspector added. Enditem