ဦလန်ဘာတာ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) မွန်ဂိုးလီးယားနိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် သဲမုန်တိုင်းတိုက်ခြင်း များဖြစ်ပွားလျက်ရှိကြောင်း၊ လေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် ၁၅ မီတာမှ ၂၄ မီတာကြားရှိကြောင်း မိုးလေဝသနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်လေ့လာရေး အမျိုးသားအေဂျင်စီက ဧပြီ ၂၄ ရက်တွင်ပြောသည်။
နယူးဒေလီ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အက်ထရာခန်ပြည်နယ်တွင် ရေခဲပြင်အစိတ်အပိုင်း ပြိုကျမှုကြောင့် ရေခဲစိုင်ပြိုကျမှုဖြစ်ပွားကာ အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ပြီး အခြားသူ ၆ ဦးအား ကယ်ဆယ်နိုင်ခဲ့ကာ အခြေအနေစိုးရိမ်ရကြောင်း တာဝန်ရှိသူများက ဧပြီ ၂၄ ရက်၌ ပြောကြားခဲ့သည်။
နန်ကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အာကာသနေ့ဖြစ်သော ဧပြီ ၂၄ ရက်တွင် ၎င်း၏ပထမဆုံးအင်္ဂါဂြိုဟ်ပေါ်သွားယာဉ်အား Zhurong ဟု အမည်ပေးလိုက်ကြောင်း တရုတ်အမျိုးသား အာကာသစီမံခန့်ခွဲမှုရေးဦးစီးဌာန (CNSA) က ကြေညာလိုက်ကြောင်း သိရသည်။
ကိုလံဘို၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ မကြာသေးမီရက်များအတွင်း COVID-19 လူနာအရေအတွက် တိုးမြင့်လာသော်လည်း ခရိုင်အချင်းချင်းအကြား ခရီးသွားလာခြင်းများအား lockdown သို့မဟုတ် တားမြစ်ခြင်းကို ချမှတ်ဆောင်ရွက်ဦးမည်မဟုတ်ကြောင်း၊ သို့သော် ပြည်သူများအနေဖြင့် ဆက်လက်၍ သတိဖြင့် နေထိုင်ရန်လိုအပ်ကြောင်း သီရိလင်္ကာနိုင်ငံ တပ်မှူး နှင့် COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာ...
ဝါရှင်တန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ၎င်းစတင်တာဝန်ယူခဲ့သည့် ဇန်နဝါရီလ မှစ၍ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဗြိတိန် နှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ဇွန်လတွင် သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဧပြီ ၂၃ ရက်တွင်ပြောသည်။
ရာဘတ်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံက COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် ပျံ့နှံ့မှုကိုထိန်းချုပ်ရန် အိန္ဒိယနိုင်ငံနှင့် အသွားအပြန် လေကြောင်းခရီးစဉ်များအားလုံးကို ဧပြီ ၂၃ ရက်တွင် ဆိုင်းငံ့လိုက်ကြောင်း မော်ရိုကို အမျိုးသား လေဆိပ်ရုံး (ONDA) က ၎င်းတို့၏ ဝက်ဘ်ဆိုက်ပေါ်ရှိ ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
ဝါရှင်တန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) နှင့် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာ (CDC) က Johnson & Johnson COVID-19 ကာကွယ်ဆေး အသုံးပြုခွင့်ရပ်ဆိုင်းထားခြင်းကို ဖြေလျှော့ပေးလိုက်ပြီး အရွယ်ရောက်ပြီးသူများအတွက် အသုံးပြုရန် ပြန်လည်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း...
မွမ်ဘိုင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အနီးရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် ဧပြီ ၂၃ ရက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး COVID-19 လူနာ ၁၃ ဦး သေဆုံးခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူများက ပြောကြားခဲ့သည်။ မွမ်ဘိုင်းမြို့မှ မြောက်ဘက် ၇၄ ကီလိုမီတာခန့်ကွာဝေးသော ဗီရာမြို့ရှိ...
ဟူစတန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ Johnson & Johnson COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူရခြင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးပညာရှင်များက ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒါကာ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၏ မြို့ဟောင်းအပိုင်းရှိ ဓာတုပစ္စည်းသိုလှောင်ရုံတစ်ခုတွင် ဧပြီ ၂၃ ရက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁ ဦးသေဆုံးပြီး အခြားသူ ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။