Connect with us

WORLD

သီရိလင်္ကာတွင် COVID-19 ပျံ့နှံ့မှုကြောင့် Lockdown မချမှတ်သေးသော်လည်း ပြည်သူများအား အိမ်တွင် နေထိုင်ရန်တိုက်တွန်း

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၌ COVID-19 ကာကွယ်ဆေးထိုးမှုခံယူနေသည့် အမျိုးသားတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ မကြာသေးမီရက်များအတွင်း COVID-19 လူနာအရေအတွက် တိုးမြင့်လာသော်လည်း ခရိုင်အချင်းချင်းအကြား ခရီးသွားလာခြင်းများအား lockdown သို့မဟုတ် တားမြစ်ခြင်းကို ချမှတ်ဆောင်ရွက်ဦးမည်မဟုတ်ကြောင်း၊ သို့သော် ပြည်သူများအနေဖြင့် ဆက်လက်၍ သတိဖြင့် နေထိုင်ရန်လိုအပ်ကြောင်း သီရိလင်္ကာနိုင်ငံ တပ်မှူး နှင့် COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းဆောင်ရွက်မှုဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး Shavendra Silva က ဧပြီ ၂၃ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

မကြာသေးမီက ဒေသနှစ်သစ်ကူးပွဲတော်များကျင်းပခဲ့သည့်အတွက် ဗိုင်းရပ်စ်ပျံ့နှံ့မှုဖြစ်ပွားခဲ့ပြီး လူနာများတိုးလာရခြင်းဖြစ်ကြောင်း Silva က ကိုလံဘိုမြို့တော်တွင် ကျင်းပသော မီဒီယာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

“အထူးသဖြင့်ပိတ်ရက်များမှာ မလိုအပ်တဲ့ခရီးတွေမသွားဘဲ အိမ်မှာပဲနေကြပါ။ လာမယ့် သီတင်းနှစ်ပတ်က အလွန်အရေးကြီးတဲ့အတွက် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ခပ်ခွါခွါနေခြင်းကဲ့သို့ တင်းကျပ်တဲ့ ကျန်းမာရေးစည်းကမ်းချက်များကို မဖြစ်မနေလိုက်နာကြပါ’’ ဟု Silva က ဆိုသည်။

တိုင်းပြည်၏ ကျန်းမာရေးစနစ်သည် လူနာများတိုးပွားလာပါက ရင်ဆိုင်ရန်အသင့်ရှိပြီး ICU ကုတင်များလည်း အသင့်ရှိကြောင်း ကျန်းမာရေးဝန်ကြီး Pavithra Wanniarachchi ကပြောသည်။ တာဝန်ရှိသူများက ဗိုင်းရပ်စ်လျင်မြန်စွာပျံ့နှံမှုကို ကာကွယ်ရာတွင် ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးလမ်းညွှန်ချက်များအား တိကျစွာလိုက်နာခြင်းဖြင့် ဝိုင်းဝန်းကူညီကြရန် ဝန်ကြီးက ပြည်သူများသို့ တိုက်တွန်းပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူပေါင်း ၉၉,၅၁၈ နှင့် သေဆုံးသူ ၆၃၄ ဦးရှိကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Sri Lanka rules out lockdown but urges people to stay at home amid COVID-19 spread
COLOMBO, April 23 (Xinhua) — Sri Lankan Army Commander and Head of the National Operations Center for the Prevention of COVID-19, General Shavendra Silva said on Friday despite a rise in the number of COVID-19 patients in recent days, the country would not impose a lockdown or a ban on district travels but urged people to remain cautious.
Silva told a media briefing in capital Colombo that there had been a rise in patients due to the recently concluded local new year celebrations which had resulted in a spread of the virus.
“We urge people to avoid unnecessary travel and remain home, especially during the weekend. Strict health guidelines must be followed including wearing a mask and maintaining social distancing as the coming two weeks will be very critical,” Silva said.
Health Minister Pavithra Wanniarachchi said the country’s health system was ready to face the increasing number of patients while ICU beds were also available. The minister urged people to assist the authorities in preventing a rapid spread by adhering to the health guidelines.
Sri Lanka has to date detected 99,518 positive COVID-19 cases while 634 deaths from the virus have been reported. Enditem
Photo- A man receives a dose of COVID-19 vaccine in Colombo, Sri Lanka, Feb. 15, 2021. (Photo by Ajith Perera/Xinhua)