မော်စကို ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ရုရှား “MS -12” လူလိုက်ပါသော အာကာသယာဉ် သည် အောက်တိုဘာ ၃ ရက် က နိုင်ငံတကာ အာကာသစ ခန်းမှ ထွက်ခွာလာပြီး ထိုနေ့မှာပင် အာကာသယာဉ်မူး ၃ ဦး နှင့်အတူ ကမ္ဘာမြေပြင်သို့...
ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘုရင် ဖိလစ် (Philippe) တို့သည် ဘယ်လ်ဂျီယံတွင် သြဂုတ်လက ပန်ဒါကြီးမျိုးနှစ်ကောင် မွေးဖွားမှုအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
ဆိုးလ်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ကိုရီးယားသမ္မတနိုင်ငံတောင်ပိုင်း Gangwon-doပြည်နယ် Samcheok ကျေးရွာအနီးတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃ ရက်၌ မီတက်မုန်တိုင်းဝင်ရောက်တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦးသေဆုံးပြီး ၇ဦး ဒဏ်ရာရရှိကာ လူ ၄ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံအာဏာပိုင်များထံမှ သိရသည်။
ဒက်ထရွိုက်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်အနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ဖက်များထံမှ ကြီးမားသော အကျိုးကျေးဇူး ရရှိခဲ့ကြောင်းနှင့် တရုတ်ဈေးကွက်အတွင်းရှိ အရေးပါသော အကျိုးစီးပွားများအား စိတ်ဝင်စားလျက်ရှိကြောင်း မီချီဂန်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခဲ့ချိန် ၁၉၄၉ ခုနှစ်မှစ၍ နှစ် ၇၀ အတွင်း နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုများကို ပြသရန် ပေကျင်းမြို့၌ ပြပွဲတစ်ခု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) နေပြည်တော် Park Royal Hotel တွင် အောက်တိုဘာ ၂ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သော (၉)ကြိမ် မြောက် မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ ဝန်ကြီးအဆင့် အစည်းအဝေးသည် ရာနှုန်းပြည့် အောင် မြင်ခဲ့သည်ဟု ထားဝယ်...
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် ရန်ကုန်မြို့တော်ပြယုဂ်ကို ထိခိုက်စေသော ခွင့်ပြုချက်မရှိသည့် စည်းကမ်းမဲ့ကြော်ငြာများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းသာမက တစ်နိုင်ငံလုံးအတွက် ပြည်ပမှ တင်သွင်းရောင်းချနေသော ကုန်စည်များအပေါ် မမှန်မကန်တင်သွင်းမှုများ ဖော်ထုတ်တွေ့ရှိပါက ပို့ကုန်သွင်းကုန်ဥပဒေ၊ အကောက်ခွန်ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
နယူးဒေလီ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် ဖြစ်စဉ်များကြောင့် သေဆုံးသူအရေအတွက် ၄၂ ဉီးအထိရှိလာခဲ့ကြောင်း အောက်တိုဘာလ ၂ ရက်တွင် ဖော်ပြသည့်သတင်းများအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က လိုင်စင်၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက် အထိ လိုင်စင်စုစုပေါင်း ၁၉၈ ခု ထုတ်ပေးထားရှိပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။