Connect with us

WORLD

အမေရိကန်နိုင်ငံတွင် ကပ်ရောဂါအခြေအနေ မြင့်တက်လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံသည့်သူများ တွင် ဓာတ်မတည့်သည့် လက္ခဏာများ ဖြစ်ပေါ်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ရွှေ့ပြောင်းဆေးရုံတစ်ခုရှေ့တွင် အမျိုးသမီးတစ်ဦး သွားလာနေသည်ကို ဒီဇင်ဘာ ၁၇ ရက် ၌ မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အမေရိကန်နိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးစင်တာ၏ ဒီဇင်ဘာ ၁၇ ရက် နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အမေရိကန်နိုင်ငံ ၌ ဒီဇင်ဘာ ၁၆ ရက်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂၃၀,၀၀၀ ကျော် ထပ်မံတိုးမြင့်လာခဲ့ပြီး အတိအကျအားဖြင့် ၂၃၆,၉၁၃ ဦးဖြစ်ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့သူမှာ ၃,၄၃၅ ဦးဖြစ်ပြီး ကပ်ရောဂါနှင့် ပတ်သက်သော ကိန်းဂဏန်းများက ဆက်လက်ဆိုးရွားလာကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ်၏ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ ဒီဇင်ဘာ ၁၇ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ညပိုင်းအချိန်ထိ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူမှာ ၁၇ သန်းကျော်အထိ ရောက်ရှိလာခဲ့ပြီး ၁၇.၂ သန်းခန့် ရှိကြောင်း ၊ အမေရိကန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးခဲ့သူအရေအတွက်မှာ စုစုပေါင်းအားဖြင့် ၃၂၀,၀၀၀ ကျော်အထိရှိခဲ့ကြောင်း ၊ ရောဂါ ကူးစက်ခံရသူစုစုပေါင်း လူဦးရေ ၁၆ သန်း မှ ၁၇ သန်း အထိ တိုးမြင့်ခဲ့သည့်အချိန် မှာ ၅ ရက်သာ ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ The Atlantic မဂ္ဂဇင်း ၏ စာရင်းပြုစုချက်အရ ဒီဇင်ဘာ ၁၆ ရက်တွင် အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါကြောင့် ဆေးရုံတက် ကုသနေရသည့် လူဦးရေမှာ ၁၁၄,၀၀၀ ဦးကျော် ရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစတင်၍ ဆေးရုံ၌ COVID-19 ရောဂါ ဝေဒနာရှင် အများဆုံးကုသမှု ခံယူရခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ ယခုအပတ်တွင် အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါ ကာကွယ်ဆေးအသစ် စတင်ထိုးနှံသည့် အစီအစဉ်ကို စတင်ခဲ့ပြီး ပထမဆုံးအသုတ် အရေးပေါ် အသုံးပြုခဲ့သည့် ကာကွယ်ဆေးမှာ အမေရိကန်နိုင်ငံ Pfizer ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ နှင့် ဂျာမနီနိုင်ငံ ဇီဝနည်းပညာကုမ္ပဏီ တို့မှ ပူးပေါင်းတီထွင်ထုတ်လုပ်ထားသော COVID-19 ရောဂါ ကာကွယ်ဆေးအသစ်ဖြစ်ကြောင်း သိရှိရသည်။ COVID-19 ရောဂါ ကာကွယ်ဆေးများအား အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးသို့ ခွဲတမ်းချပေးခဲ့ပြီး ပထမဦးဆုံး ကာကွယ်ဆေးထိုးနှံခံရသူများမှာ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် ဘိုးဘွားရိပ်သာတွင် ရေရှည်လုပ်ငန်းတာဝန်ထမ်းဆောင်ပေးရသူများ ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ သတင်းမီဒီယာများ၏ ဒီဇင်ဘာ ၁၇ ရက် သတင်းဖော်ပြချက်များအရ အလက်စကာပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်း နှစ်ဦးတွင် COVID-19 ကာကွယ်ဆေးသစ်ထိုးနှံခဲ့ပြီး ဓာတ်မတည့်သည့် လက္ခဏာဖြစ်ပေါ်လာခဲ့ကာ မျက်နှာနီရဲလာခဲ့ကြောင်း ၊ ထို့နောက်တွင် အသက်ရှူမဝသော လက္ခဏာ ခဏတာ ဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက်တစ်ဦး က ဆေးရုံတက်၍ ကုသမှု ခံယူခဲ့ရကြောင်း ၊ CNN သတင်းဌာန ၏ ဖော်ပြချက်အရ COVID-19 ရောဂါကာကွယ်ဆေးအသစ် ထိုးနှံခဲ့သည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးသည် ဆေးထိုးပြီးနောက် ၁၀ မိနစ်အကြာတွင် မျက်နှာ နီရဲလာခဲ့ပြီး အသက်ရှူမဝသည့် လက္ခဏာ ခေတ္တဖြစ်ပွားခဲ့ကြောင်း ၊ ထို့နောက်တွင် နှလုံးခုန်နှုန်းမြန်ခြင်း စသောလက္ခဏာများ ဖြစ်ပွားလာခဲ့သောကြောင့် ဆေးရုံတွင် ဆေးဝါကုသမှု ခံယူကာ အချိန် ၂ ရက် စောင့်ကြည့်ခဲ့ရကြောင်း ၊ အခြား COVID-19 ရောဂါ ကာကွယ်ဆေးအသစ် ထိုးနှံခဲ့သည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးသည် ဆေးထိုးပြီးနောက် ၁၀ မိနစ်ခန့်အကြာတွင် မျက်လုံးများဖူးရောင်လာခဲ့ပြီး ခေါင်းမူးခြင်း နှင့် ချောင်းဆိုးခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်လာခဲ့ကာ အချိန် တစ်နာရီခန့် ကြာပြီးနောက်တွင် ပုံမှန်အခြေအနေ ပြန်ဖြစ်လာကြောင်း သိရှိရသည်။ ယင်းသတင်းဖော်ပြမှုများက အမေရိကန်နိုင်ငံ သတင်းမီဒီယာများ၏ COVID-19 ရောဂါ ကာကွယ်ဆေးအသစ် ထိုးနှံပေးခြင်း စတင်ခဲ့ပြီးနောက် ကျယ်ပြန့်စွာ ဖော်ပြခဲ့ကြသည့် ဓာတ်မတည့်မှု လက္ခဏာ သတင်းဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေးသစ်များ ထိုးနှံပေးသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည်နှင့် တစ်ချိန်တည်းတွင် အမေရိကန်နိုင်ငံ ဒေသအသီးသီး၏ ထပ်မံရောဂါ ကူးစက်ခံရမှုနှုန်း ၊ သေဆုံးမှု နှင့် ဆေးရုံတင်ကုသမှုခံယူရသည့် နှုန်းများက အဆက်မပြတ် ပိုမိုမြင့်တက်လာသဖြင့် အမေရိကန်နိုင်ငံ ဒေသအများအပြားရှိ ကျန်းမာရေးစနစ်က တစ်ချိန်ကမှမကြုံခဲ့ရဖူးသော ဖိအားနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

အမေရိကန်တစ်နိုင်ငံလုံးရှိ ကပ်ရောဂါ အ‌ခြေအနေ နှင့် ပတ်သက်သော စာရင်းပြုစုချက် စီမံကိန်း ကို ကြည့်ပါက ကယ်လီဖိုးနီးယားပြည်နယ်တွင် လွန်ခဲ့သည့် တစ်ပတ်အတွင်း COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရသူ ၂၅၀,၀၀၀ ဦးကျော်ရှိခဲ့ပြီး လူပေါင်း ၁၀ သန်းခန့်ရှိသော Los Angeles မြို့ကောင်တီ တွင် လက်ရှိချိန်၌ လူ ၈၀ ဦးတိုင်းတွင် တစ်ဦးက COVID-19 ရောဂါ ကူးစက်ခံရသည့် နှုန်းထားအခြေအနေဖြစ်နေကြောင်း သိရှိရသည်။

စာရင်းပြုစုချက်အရ အမေရိကန်နိုင်ငံတွင် ကပ်ရောဂါ အဆိုးရွားဆုံးဖြစ်ပွားနေသည့် နေရာမှာ ဘိုးဘွားရိပ်သာဖြစ်ပြီး လွန်ခဲ့သည့် တစ်ပတ်အတွင်း အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးရှိ ရေရှည်စောင့်ရှောက်ရေး ဂေဟာများတွင် ရောဂါ ကူးစက်ခံရမှုက ၆၁,၀၀၀ ကျော်အထိရှိခဲ့ပြီး သေဆုံးမှုက ၅ ထောင်ကျော်အထိရှိခဲ့ကာ မေလနောက်ပိုင်း စုဆောင်းခဲ့သည့် စာရင်းပြုစုချက်များအရ ကိန်းဂဏန်းအမြင့်မားဆုံး အဖြစ်စံချိန်တင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စီမံကိန်း က ထုတ်ပြန်ချက်ကြေညာရာတွင် COVID-19 ရောဂါကာကွယ်ဆေးသစ်သည် ယခုကဲ့သို့ အန္တရာယ်များသောနေရာတွင် လုပ်ကိုင်ဆောင်ရွက်နေသူများကို ထိုးနှံပေးနိုင်တော့မည်ဖြစ်ပြီး ကာကွယ်ဆေးက အနာဂတ်တွင် COVID-19 ရောဂါ မြင့်မားစွာကူးစက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ရန်မျှော်လင့်သော်လည်း ကာကွယ်ဆေးအသစ်က အန္တရာယ်အလွန်များသည့်နေရာတွင် ရေရှည်တာဝန်ထမ်းဆောင်နေရသူများအတွက် ထွက်ရှိလာသည့် အချိန်မှာ လွန်စွာ နောက်ကျနေကြောင်းပါဝင်ခဲ့သည်။

အမေရိကန်နိုင်ငံ ကျန်းမာရေးဆိုင်ရာပညာရှင် က ကာကွယ်ဆေးသည် ရောဂါကာကွယ်မှုကို အစားထိုးပေးနိုင်ခြင်းမဟုတ်ကြောင်း အထူးပြောကြားခဲ့ပြီး ပြည်သူလူထုများအနေဖြင့် ဆက်လက်၍ နှာခေါင်းစည်းတပ်ဆင်ခြင်း ၊ လူအများနှင့်ဝေးဝေးရှောင်နေခြင်းကို ထိန်းသိမ်းခြင်း ၊ အထူးသဖြင့် အလုံပိတ်အခန်းတွင်း လူစုလူဝေး ပြုလုပ်ခြင်း နှင့် အများပြည်သူနေရာများတွင် လူစုလူဝေး ပြုလုပ်ခြင်း ကို ရှောင်ရှားခြင်းအားဖြင့် ကပ်ရောဂါ ဆက်လက်ပိုမို မဆိုးရွားလာအောင်ကာကွယ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————————

(Chinese Version)
(国际疫情)综述:美国疫情核心指标居高不下 疫苗接种者出现过敏反应
2020-12-18 16:19:38 分类: 医药卫生
  新华社华盛顿12月17日电综述:美国疫情核心指标居高不下 疫苗接种者出现过敏反应
  新华社记者谭晶晶
  美国疾病控制和预防中心17日公布的最新疫情数据显示,16日全美报告新增新冠确诊病例超23万例,达236913例,新增死亡病例3435例,核心指标依然在高位徘徊。
  根据美国约翰斯•霍普金斯大学疫情最新统计数据,截至美国东部时间17日晚,美国累计确诊病例已突破1700万例,达到近1720万例,累计死亡病例超过31万例。美国新冠确诊病例从1600万例增至1700万例仅用时5天。
  美国《大西洋月刊》发起的追踪全美疫情项目数据显示,截至16日,全美新冠住院患者超过11.4万人,为疫情暴发以来最高纪录。
  本周,美国启动新冠疫苗接种,首款获批在美国紧急使用的疫苗是美国辉瑞制药有限公司与德国生物新技术公司联合研发的新冠疫苗。疫苗被陆续分发至各州,首批接种人群为医护人员和生活在养老院等长期护理机构的群体。
  据美国媒体17日报道,阿拉斯加州两名医院工作人员在接种上述新冠疫苗后出现过敏反应,其中一人留院观察。美国有线电视新闻网报道称,一名医院工作人员在接种疫苗10分钟后满脸通红,此后出现气短、心率升高等症状,被留院观察两晚;另一名工作人员在接种疫苗10分钟后出现眼部浮肿、头晕和喉咙发痒等症状,一小时后恢复正常。这是自美国开始疫苗接种以来,美国媒体广泛报道的第一和第二例疫苗过敏反应。
  就在疫苗接种陆续推进的同时,美国各地报告的确诊病例、死亡病例、住院病例仍持续激增,多地医疗系统面临前所未有的压力。
  追踪全美疫情项目数据显示,加利福尼亚州过去一周新增确诊病例超过25万例,约有1000万人口的洛杉矶县目前每80人中就有1人感染新冠病毒。
  项目数据还显示,美国养老院等长期护理机构近期一直是疫情“重灾区”。过去一周,各州长期护理机构报告确诊病例超过6.1万例,死亡病例超过5000例,均创下自5月底该项目开始收集相关数据以来新高。
  该项目称,新冠疫苗可能很快会到达这些高风险群体。“疫苗有望预防未来新冠疫情暴发,但对于许多在长期护理机构居住的群体和工作人员来说,疫苗来得太晚了。”
  美公共卫生专家强调,疫苗不能代替防疫措施,呼吁民众继续切实执行包括戴口罩、保持社交距离、避免聚会尤其是室内集会在内的公共卫生措施,以防疫情进一步恶化。(完)

Photo
新华社照片,奥兰治县(美国),2020年12月18日
(国际疫情)(2)美国加州医疗体系面临沉重压力
12月17日,一名女子在美国加利福尼亚州奥兰治县欧文经过一处户外移动医院。
近期,由于新冠疫情恶化导致美国南加州地区医疗体系面临重压,单日新增病例数、死亡病例数以及住院人数不断达到新高。南加州地区的ICU床位数空置率17日已经接近零。
新华社发(曾慧摄)