ဂျေရုစလင်မ်၊စက်တင်ဘာလ ၁၈(ဆင်ဟွာ) အစ္စရေးနိုင်ငံတွင် စက်တင်ဘာလ ၁၈ ရက်က အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် ထိုညတွင် ဆန္ဒမဲအားလုံး၏ ၉၅ ရာခိုင်နှုန်း ရေတွက်ပြီးစီးခဲ့သည်တွင် ရွေးကောက်ပွဲရလဒ်ကြောင့်အစ္စရေးနိုင်ငံ၏ အဓိကနိုင်ငံရေးအင်အားစုကြီးနှစ်ရပ်မှာ ရှေ့မတိုးသာနောက်မဆုတ်သာ အကျပ်အတည်းအခြေအနေ နှင့်ကြုံတွေ့နေကြရကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၈ ရက်ညတွင်ပြော ကြားခဲ့သည်။
ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ် မြို့တော် ဂျလာလာဘတ်၌ သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် အသေခံဗုံးခွဲမှုတစ်ခုဟု ယူဆရသည့် ပြင်းထန်သော ပေါက်ကွဲမှု တစ်ရပ် စက်တင်ဘာလ ၁၈ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟန်ကျန့် (Han Zheng) သည် နှစ်စဉ်ကျင်းပသည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နှင့် တရုတ် နှင့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) အကြား စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးပွဲဖွင့်ပွဲ အခမ်းအနား သို့...
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် သိန်း၄ဝဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။
မနီလာ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းက အင်အား ၅.၄ ရှိသော ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာရှင်အဖွဲ့ (Phivolcs) က ပြောကြားခဲ့သည်။
နယူးဒေလီ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ နေရာများစွာ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း မိုးကြိုးထိမှန်သဖြင့် ကလေးငယ်အချို့အပါအဝင် လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း မီဒီယာသတင်းများ၌ စက်တင်ဘာလ ၁၈ ရက်တွင် ဖော်ပြထားသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၉၃ဝ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။
တီဟီရန် ၊ စက်တင်ဘာ ၁၈ ရက် ၊ အီရန်အာဏာပိုင်များက စက်တင်ဘာ ၁၇ ရက် ၌ သံသယဖြစ်ဖွယ် သြစတြေးလျလူမျိုး သူလျှို ၃ ဦး အား ဖမ်း ဆီးခဲ့ကြောင်း ၊ အီရန်တရားစီရင်ရေးရုံး က အတည်ပြုခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၁ – ၂၄)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာ လ (၂၅ – ၃၀)ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အဘူဂျာ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း Nassarawa ပြည်နယ်တွင် စက်တင်ဘာ ၁၅ ရက်က ဆိုးဝါးသည့် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ဂျီးရီးယား နိုင်ငံ ကုန်းလမ်းစီမံခန့်ခွဲမှုဌာနက စက်တင်ဘာ ၁၇ ရက်တွင်...