ပေကျင်း၊ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံ၏ သံခင်းတမန်ခင်း ဆောင်ရွက်မှုများသည် အမျိုးသားအကျိုးစီးပွားများ ကာကွယ်ထိန်းသိမ်းခြင်း ၊ အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ခြင်း ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုချောမွေ့လွယ်ကူအောင်ဆောင်ရွက်ခြင်း နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကိုမြှင့်တင်ခြင်း တို့၏ အရေးကြီးသော တာဝန်ဝတ္တရားများကို ထမ်းရွက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။...
ပေကျင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ၌ နှစ်သစ်ကူးအားလပ်ရက် သုံးရက်တာ၏ ပထမဆုံးနေ့ဖြစ်သော ဇန်နဝါရီ ၁ ရက်တွင် ရထားစီးခရီးသည်များ စံချိန်တင်မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံရထားပို့ဆောင်ရေးက ထုတ်ဖော်ပြောကြားခဲ့သည်။
ဟူစတန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ ဟူစတန်မြို့ကျန်းမာရေးဌာနက ဇန်နဝါရီ ၂ ရက်တွင် မြို့တော်၏ ပထမဆုံး အများပြည်သူကာကွယ်ဆေးထိုးနှံမှု နေရာကို စတင်ဖွင့်လှစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၅,၉၇၂ ခုအားစစ်ဆေးခဲ့ရာ COVID-19 အတည်ပြုလူနာသစ် ၅၇၄ ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုနှုန်းမှာ ၃ ဒဿမ ၆ ရာခိုင်နှုန်းရှိကြောင်းနှင့် သေဆုံးလူနာ ၁၄ ဦးရှိကြောင်း ကျန်းမာရေးနှင့်...
ဝူဟန့်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ ယန်ဇီမြစ်ပေါ်ရှိ မြစ်ကျဉ်းသုံးသွယ် ရေအားလျှပ်စစ်စွမ်းအင်စက်ရုံသည် ၂၀၂၀ ပြည့်နှစ်အတွင်း ကီလိုဝပ်နာရီ ၁၁၁.၈ ဘီလီယံ ထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ဆင်ဟွာသတင်းဌာနနှင့် China Media Group တို့၏ ပူးတွဲတွေ့ဆုံမေးမြန်းမှု ကိုဖြေကြားရာတွင် တရုတ်-အာဆီယံ ဆက်ဆံရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်းပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ပြည်သူ့အတွက်နှင့် ပြည်သူအားဖြင့်သာ ဟူသော စည်းမျဉ်းသည် တရုတ်ကွန်မြူနစ်ပါတီအတွက် အားအင်အရင်းအမြစ်တစ်ခု ဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေး၏ သွင်ပြင်လက္ခဏာအဓိပ္ပာယ်လည်းဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဇန်နဝါရီ ၁ ရက်က COVID-19 အန္တရာယ် အလယ်အလတ်အဆင့်ဧရိယာ နောက်ထပ် ထပ်တိုးလိုက်သဖြင့် ယင်းမြို့၌ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်အလယ်အလတ်အဆင့်ဧရိယာ စုစုပေါင်း ၆ ခုအထိ ရှိလာခဲ့ကြောင်း ဒေသဆိုင်ရာ...
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ငလျင် စုစုပေါင်း ၂၃ ကြိမ်လှုပ်ရှားခဲ့ကြောင်းနှင့် နိုဝင်ဘာလထက် လှုပ်ရှားမှု ၈ ကြိမ် ပိုခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ဇန်နဝါရီ...
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် နှစ်သစ်ကူးနေ့တွင် ကမ္ဘာတစ်ဝန်း၌ ခန့်မှန်းခြေ ကလေးငယ် ၃၇၁,၅၀၄ ဦး မွေးဖွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဇန်နဝါရီ ၁ ရက်နေ့က ပြောကြားခဲ့သည်။