ဒါအီစ်ဆာလမ် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံအရှေ့ပိုင်း Morogoro ဒေသတွင် လောင်စာဆီတင်ယာဉ်တစ်စီး မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးသူ အရေအတွက်မှာ ၇၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အရှေ့အာဖရိကနိုင်ငံများအဖွဲ့ ဆေးဖက်ဆိုင်ရာအကူအညီပေးရေးဦးဆောင်မှုအသင်းမှ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၂ ရက်တွင်ပြောကြားခဲ့သည်။
လန်ဒန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) လန်ဒန်မြို့ အနောက်မြောက်ပိုင်းတွင် အမျိုးသားတစ်ဦး ဓားနှင့် ထိုး သတ်ခံခဲ့ရကြောင်း ဒေသခံ မီဒီယာများက သြဂုတ် ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အန်ကာရာ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ဆီးရီးယားကြားနေဇုန် တည်ထောင်ရေးဆိုင်ရာ ပူးတွဲလုပ်ဆောင်မှုစင်တာအတွက် ပြင်ဆင်ရန် အမေရိကန် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ သြဂုတ်လ ၁၂ ရက်တွင် တူရကီနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း တူရကီနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပေကျင်း၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း(Wang Qishan)နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာ(Subrahmanyam Jaishankar)တို့သည် သြဂုတ် ၁၂ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိဗ် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံသည် Ukroboronprom အုပ်စု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော နိုင်ငံပိုင် တင့်ကားထုတ်လုပ်သည့် Lviv စက်ရုံမှ ၂ဝ၁၇ မော်ဒယ် T-64 ခေတ်မီနောက်ဆုံးပေါ် တင့်ကားမျိုးဆက်ကို ပြသခဲ့ကြောင်း Ukroboronprom အုပ်စု၏ သြဂုတ် ၁၂ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခု ဖြစ်ပေါ်လျက်ရှိပြီး တစ်နိုင်လုံးအတိုင်းအတာဖြင့် မိုးကြီးနိုင်ကြောင်း၊ မုတ်သုံပိုမိုအားကောင်းနိုင်ကြောင်း၊ ယခုနှစ် ဇူလိုင်လ နှင့် သြဂုတ် တွင် မိုးလယ်မုတ်သုံအားကောင်းလျက်ရှိကာ ရာသီဥတုပြောင်းလာသည့် အတွက် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ပိုများလာကြောင်း၊ မိုးလေဝသ...
အစ္စလာမ်မာဘတ်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့တွင် သြဂုတ်လ ၁၂ ရက်က ဗလီတစ်ခု ခေါင်မိုးပြိုကျမှုကြောင့် ဝတ်ပြုဆုတောင်းနေသူ ၁ ဦး သေဆုံးပြီး အခြားသူ ၁၅ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၅၉ဦးထိတိုးလာပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
အစ္စလာမ်မာဘတ်၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) ယခုနှစ် ဇူလိုင်လမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပါကစ္စတန် နိုင်ငံ တစ်ဝန်းလုံးတွင် သေဆုံးသူ ၁၆၁ ဦး ရှိပြီဖြစ်ပြီး ၁၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန အကြီးအကဲ Saqib Mumtaz က သြဂုတ် ၁၁...
ဝါရှင်တန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ပန်ဆဲလ်ဗေးနီးယားပြည်နယ်ရှိ နေ့ကလေးထိန်းစင်တာတစ်ခုတွင် သြဂုတ်လ ၁၁ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ကလေးငယ် ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များ ပြောကြားချက်အရ သိရသည်။