Connect with us

MYANMAR

၂၄ နာရီအတွင်း COVID-19 လူနာသစ် ၁,၂၀၂ ဦး ထပ်တိုး ၊ သေဆုံးလူနာ ၂၄ ဦးရှိ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ ဈေးရောင်းသွားလာနေသူ နှစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/ဟေမာန်

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲနမူနာ ၁၂,၂၂၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၁,၂၀၂ ဦး တွေ့ရှိခဲ့ကြောင်း နှင့် သေဆုံးလူနာ ၂၄ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ညပိုင်းအချိန် ထုတ်ပြန်မှုအရ သိရသည်။

၂၄ နာရီအတွင်း ဆေးရုံဆင်းခွင့်ရသူ ၁,၄၃၅ ဦး ရှိလာခဲ့သဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၇,၉၅၄ ဦး ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၁,၄၃၅ ဦးတွင် ပြည်သူ့ဆေးရုံများမှ ၅၄၃ ဦး ၊ COVID-19ရောဂါ ကုသရေးဌာနများ(ရန်ကုန်မြို့) မှ ၈၉၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ထို့အတူ တပ်မတော် ဆေးရုံကြီးများ နှင့် တပ်မတော် COVID-19 ရောဂါကုသရေး ဌာနများမှ အောက်တိုဘာ ၆ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ဆေးရုံဆင်းခွင့် ရရှိသူ စုစုပေါင်း ၂,၃၃၀ ဦး ရှိသဖြင့် ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ဆေးရုံဆင်းခွင့် ရရှိသူ စုစုပေါင်းမှာ ၃၇,၉၅၄ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
ယနေ့ သေဆုံးသူ ၂၄ ဦးအနက် ရောဂါအခံရှိသူ ၂၁ ဦး ပါဝင်ကြောင်းလည်း ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့ပြီး နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း ၁,၅၂၄ ဦးတွင် Hotel Quarantine တွင် ၁၃၃ ဦး၊ Facility Quarantine တွင် ၁၂၂ ဦး၊ Community Based Facility Quarantine တွင် ၁,၁၃၁ ဦးနှင့် Anosmia Center တွင် ၁၃၈ ဦးပါဝင်ပြီး ၎င်းတို့အားနေအိမ်များတွင်အသွားအလာ ဆက်လက်ကန့်သတ်ထားကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ယခုအခါ မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၀၈,၄၉၃ ခုအား စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ၊ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၅၄,၆၀၇ ဦး ရှိပြီး ၎င်းတို့အနက် ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၃၇,၉၅၄ ဦး နှင့် သေဆုံးသူပေါင်း ၁,၂၈၂ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.