Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် COVID-19 လူနာသစ်တစ်ဦး‌တွေ့ရှိ ၊ အတည်ပြုလူနာစုစုပေါင်း ၂၉၂ ဦးထိရှိလာ

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဆမ်ဒက်ဟွန်ဆန် နှင့် ဇနီး Bun Rany တို့ စက်တင်ဘာ ၁၇ ရက်က Vaing Chas ဘုရားကျောင်းတွင် ရိုးရာအစဉ်အလာ ဘိုးဘွားနေ့အခမ်းအနား ဆီမီးထွန်းညှိပူဇော်နေစဉ်(ဓာတ်ပုံ- Li Lay/Xinhua)

ဖနွမ်းပင် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံတွင် နိုဝင်ဘာ ၁ ရက်က ပြည်ပကူးစက်မှု COVID-19 ရောဂါ အတည်ပြုလူနာသစ်တစ်ဦးတွေ့ရှိခဲ့ရာ ယခုအခါ နိုင်ငံအတွင်း အတည်ပြုလူနာ စုစုပေါင်း ၂၉၂ ဦးထိ ရောက်ရှိလာခဲ့ကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာန(MoH) ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။ယခုနောက်ဆုံးတွေ့ရှိသော အတည်ပြုလူနာသည် အသက် ၃၁ နှစ်အရွယ် ကမ္ဘောဒီးယားလူမျိုး အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းသည် ဂျပန်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံတစ်ထောင့်နားခရီးစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ အောက်တိုဘာ ၁၉ ရက်တွင် ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါအမျိုးသမီးသည် COVID-19 ရောဂါ positive ရလဒ်အဖြေထွက်ခဲ့သည့် အသက် ၄၇ ခုနှစ်အရွယ်အမျိုးသားတစ်ဦးနှင့်အတူ လေယာဉ်တစ်စင်းထဲ စီးနင်းလိုက်ပါလာခဲ့သူ ဖြစ်ကြောင်း သိရသည်။

“ သူ့ကို ၁၃ ရက် သီးခြားခွဲနေထိုင်မှု(Q) ထားခဲ့တယ် ။ အဲဒီအမျိုးသမီးရဲ့ နှာခေါင်းတို့ဖက်နမူနာကို ဒုတိယအကြိမ်ရယူပြီး ကမ္ဘောဒီးယား Pasteur ဆေးသိပ္ပံဆီ ပို့ခဲ့တယ် ၊ နိုဝင်ဘာ ၁ ရက် ဆေးစစ်ချက်အဖြေထွက်လာတော့ COVID-19 ရောဂါ positive ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါအမျိုးသမီးကို ဖနွမ်းပင်မြို့ရှိ ခမာ-ဆိုဗီယက်ချစ်ကြည်ရေးဆေးရုံ၌ ဆေးကုသမှုပေးထားကြောင်း သိရသည်။ကမ္ဘောဒီးယားနိုင်ငံသည် လက်ရှိအချိန်ထိ COVID-19 ရောဂါအတည်ပြုလူနာစုစုပေါင်း ၂၉၂ ဦးရှိပြီဖြစ်ကြောင်း ၊ သေဆုံးသူ တစ်ဦးမျှ မရှိကြောင်း နှင့် ရောဂါပြန်လည်သက်သာပျောက်ကင်းသူ ၂၈၃ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။(Xinhua)