Connect with us

Politics, Law & Military

မဲဆွယ်စည်းရုံးခြင်း ရပ်နားရမည့်ကာလအတွင်း မဲဆွယ်စည်းရုံးရာရောက်သည့် Post များ ၊ အကြောင်းအရာများ လွှင့်တင်ခြင်း မပြုရန် အသိပေး

ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ နှင့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားရမည့်ကာလအတွင်း လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ (Facebook နှင့်Twitter).. စသော ၊ အွန်လိုင်းဝက်ဘ်ဆိုက်များနှင့်မီဒီယာများမှ မဲဆွယ်စည်းရုံးရာရောက် သည့် Postများ၊ အကြောင်းအရာများ လွှင့်တင်ခြင်းမပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ ညတွင် အသိပေး ကြေညာခဲ့သည်။

ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦး အား လွတ်လပ်စွာ ဆန္ဒပြုနိုင်ရန် နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအချိန်မှ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ကျင်းပပြီးသည်အထိ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ် စည်းရုံးခြင်းတို့ကို ရပ်နားရမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွှတ်တော်အသီးသီးအတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသွားမည် ဖြစ်ပြီး ယခုအခါတွင် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ အပါအဝင် ကြိုတင်မဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲများ ပေးခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.