ဘိုဂိုတာ ၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံအရှေ့မြောက်ပိုင်း Arauca ဒေသ၌ စစ်တပ်ကင်းလှည့်မှုတစ်ခုပြုလုပ်စဉ် ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးစစ်သား ၂ ဦးသေဆုံးပြီး အခြား ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကိုလံဘီယာစစ်တပ်၏ ဇွန် ၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဇွန် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးထံသို့ တရုတ်-ဖိလစ်ပိုင် သံတမန်အဆက်အသွယ်ထားရှိသည့် (၄၄)နှစ်ပြည့်အထိမ်းအမှတ်နှင့် ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်ရေးရရှိသည့် (၁၂၁) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဇွန် ၉ ရက်က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ကွမ်းသီးမြောင်ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ မာဂရီသစ်တောကြိုးဝိုင်းအတွင်း၌ ဇွန် ၈ ရက် ညနေပိုင်းတွင် တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၂)လုံး ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဖနွမ်းပင်၊ ဇွန် ၉ ရက် (ဆင်ဟွာ) အနောက်တောင်ပိုင်း ကမ္ဘောဒီးယားနိုင်ငံ၏ Kampong Speuပြည်နယ်တွင် ဇွန် ၈ ရက် ညနေပိုင်းက ယာဉ်တစ်စီးတိုက်မှုဖြစ်ပွားပြီး လူ ၄ဦး ဒဏ်ရာရရှိကာ ၁၀ ဦးအနည်းဆုံးသေဆုံးခဲ့ကြောင်း အကြီးတန်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားသည်။
ဝါရှင်တန်၊ ဇွန် ၉ ရက်(ဆင်ဟွာ) အီရန်၏အကြီးဆုံးရေနံဓာတုလုပ်ငန်းဖြစ်သည့် ပါရှန်းပင်လယ်ကွေ့ ရေနံဓာတု စက်မှုကုမ္ပဏီ (PGPIC)နှင့် ၎င်းကုမ္ပဏီခွဲများ ၊ ပြည်ပ အရောင်းကွန်ရက်များ အားလုံးကို ပိတ်ဆို့မည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန် ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးကား လမ်းမိုင်တိုင်(၃၃/၁-၂)ကြား၌ ယာဉ်ဘရိတ်ပေါက်၍တိမ်းမှောက်မှုကြောင့် လူ ၃ ဦး သေ၊ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
တီဟီရန်၊ ဇွန် ၉ ရက်(ဆင်ဟွာ) အီရန်သမ္မတရိုဟာနီ နှင့် တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် တို့နှစ်ဦးက ဇွန်လ ၈ ရက်နေ့တွင် နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိစေမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကာ ကွဲပြားမှုဖြစ်နေသည့်နယ်မြေ များအတွင်း ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးများကျယ်ပြန့်လာစေရေးဆောင်ရွက်ရန် သန္နိဌာန်ချခဲ့ ကြကြောင်းသိရသည်။
ကူဝိတ်စီးတီး၊ ဇွန် ၉ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ တောင်ပိုင်း Dhalea ပြည်နယ်ရှိ ဗလီဝတ်ပြုကျောင်းတစ်ခု ဇွန် ၇ ရက်က တိုက်ခိုက်ခံရမှုဖြစ်ပွား ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားလူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ယီမင်လုံခြုံရေးဌာန အရာရှိတစ်ဦးက အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sooronbay Jeenbekov၏ ဖိတ်ကြားချက်အရ ဇွန် ၁၂ ရက်မှ ၁၄ ရက်အထိ ကာဂျစ္စတန်နိုင်ငံသို့ နိုင်ငံတော်လည်ပတ်ရေး ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး ဘီရှကက်မြို့၌ ကျင်းပမည့် ၁၉ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အဖွဲ့ဝင်နိုင်ငံ...
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး အရေးပေါ်အစည်းအဝေး ကို ဇွန်လ ၁၁ ရက်၊ နံနက် ၁၀နာရီ တွင် ကျင်းပရန်ခေါ်ယူကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် က ယနေ့နေ့စွဲဖြင့် ကြေညာခဲ့သည်။