Connect with us

Social, Education & Health

တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် မုန့်လုပ်ငန်းက ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အထောက်အကူဖြစ်

တရုတ်နိုင်ငံ ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခါးစန်းဒေသရှိ မုန့်လုပ်ငန်းကို စက်တင်ဘာ ၁၂ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

ခါးစန်း၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

ခါးစန်းဒေသ ခါစီး ခရိုင်သည် တရုတ်နိုင်ငံ ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆင်းရဲနွမ်းပါးသော ခရိုင်လေးတစ်ခု ဖြစ်သည်။ ယခုနှစ်များတွင် ဒေသခံအစိုးရက ဒေသခံပြည်သူမျာအတွက် အလုပ်အကိုင် တည်ငြိမ်ရေးနှင့် ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်း၍ဝင်ငွေတိုးစေရန် မုန့်ထုတ်လုပ်မှုလုပ်ငန်း ဖွံဖြိုးတိုးတက်အောင် အားသွန်ဆောင်ရွက်လျက်ရှိသည်။

တရုတ်နိုင်ငံ ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခါးစန်းဒေသရှိ မုန့်လုပ်ငန်းကို စက်တင်ဘာ ၁၂ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခါးစန်းဒေသရှိ မုန့်လုပ်ငန်းကို စက်တင်ဘာ ၁၂ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခါးစန်းဒေသရှိ မုန့်လုပ်ငန်းကို စက်တင်ဘာ ၁၂ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိတွင် ခါစီးခရိုင် မုန့်လုပ်ယဉ်ကျေးမှုစက်မှုဇုန်သည် ကုန်ချောထုတ်လုပ်ခြင်း၊သိုလှောင်ခြင်း၊ ပို့ဆောင်ခြင်းမှသည် နည်းပညာစွမ်းရည်မွမ်းမံသင်တန်းအထိ ဆင်းရဲနွမ်းပါးမှုလျှော့ချ၍အလုပ်အကိုင်ဖန်တီးရေး စက်မှုလုပ်ငန်းကွင်းဆက်အပြည့်အစုံရှိပြီဖြစ်ရာ အွန်လိုင်း၌သော်လည်းကောင်း ၊ လက်တွေ့မြေပြင်ဆိုင်များမှသော်လည်းကောင်း နေ့စဉ်မုန့်ရောင်းအားသည် ၃ သိန်းခန့်ရှိပြီး ဒေသခံ ၁,၂၀၀ ခန့်ကို  အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးထားရာ ၎င်းတို့အနက် ၆၉၆ ဦးမှာ ဆင်းရဲနွမ်းပါးသောမိသားစုမှ ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117