ဘန်ကောက်၊ မေ ၁၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၏ မိဖုရားအသစ်၏ ပုံများကို မေ ၁၇ ရက်က တရားဝင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။နန်းတက် မိဖုရားအသစ်ဖြစ်သော Suthida၏ ပုံတူ ဓာတ်ပုံ ၂၀ကို ပုံနှိပ်ထုတ်ဝေရန် ထိုင်းဘုရင် Maha Vajiralongkornက ခွင့်ပြုလိုက်ကြောင်း ထိုင်းအစိုးရ၏ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက...
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာတွင် ယနေ့ နံနက် ၁နာရီကျော်တွင် အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး မကွေး-ရေနံချောင်းသွားလမ်း၊ ဒေါင်းနေချောင်းတံတားအနီးမိုင်တိုင်အမှတ် ၃၄၇/၀ တွင် မေ ၁၇ ရက်၊မွန်းလွဲ ၁ နာရီခွဲခန့်က ယာဉ်နှစ်စီးမျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ပြီး လူ၂ဦးသေ၊ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ (Conference on Dialogue of Asian Civilizations) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအား ပုံနှိပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဆစ်ဒနီ၊ မေ ၁၇ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံရှိ Taron တောင်၏ အနောက်တောင်ဘက် ၁၂ ကီလိုမီတာတွင် ပြင်းအား ၆.၀ ပမာဏရှိသော ငလျင်တစ်ခု မေလ ၁၇ ရက်က လှုပ်ရှားသွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေး အဆိုအရသိရသည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ‘‘ရှမ်းရိုးမ-၂” စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၄၀ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။
မက္ကဆီကိုစီးတီး၊ မေ ၁၇ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အရှေ့တောင်ဘက် Quintana Roo ပြည်နယ် Playa del Carmen မြို့တွင် မက္ကဆီကို သတင်းထောက်တစ်ဦးမှာ ခြိမ်းခြောက်မှုများရရှိပြီးနောက် အရက်ဆိုင်တစ်ခုအပြင်ဘက်တွင် မေလ ၁၆ ရက်က အသတ်ခံရကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
ထရီပိုလီ၊ မေ ၁၇ ရက် (ဆင်ဟွာ) တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၆၁ ဦး ကို လစ်ဗျားနိုင်ငံ ၏ အနောက်ဘက်ကမ်းရိုးတန်း အလွန်တွင် ကယ်ဆယ်ခဲ့ရကြောင်း လစ်ဗျားနိုင်ငံ ကမ်းခြေစောင့်တပ်က မေလ ၁၆ ရက်တွင် ပြောသည်။
ပေကျင်း၊ မေ ၁၇ ရက်(ဆင်ဟွာ) အာရှယဉ်ကျေးမှု ခရီးသွားပြပွဲဖွင့်ပွဲ အခမ်းအနားကို မေ ၁၆ ရက်က ပေကျင်းမြို့ အမျိုးသား စိုက်ပျိုးရေးပြတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားထိပ်သီးကလပ် ပိုဟန်စတီးလားစ်အသင်း သည် မေလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ဘောလုံးခြေစမ်းခရီးစဉ် လာရောက်မည်ဖြစ်ပြီး မြန်မာ ယူ-၂၂ အသင်းနှင့်အပါအဝင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။