Connect with us

Politics, Law & Military

ဟောင်ကောင်ဒေသခံများအနေဖြင့် “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” အခြေခံဥပဒေအပေါ် ချစ်မြတ်နိုးရန် အုပ်ချုပ်ရေးမှူးကယ်ရီလမ်း မျှော်လင့်

တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းအားအားတွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ အခြေခံဥပဒေသည် ဟောင်ကောင်ဒေသခံများအတွက် ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို ဖန်တီးပေးခဲ့ပြီဖြစ်ကြောင်း နှင့် ဒေသခံအားလုံးအနေဖြင့် “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” နှင့် အခြေခံဥပဒေအပေါ် ချစ်မြတ်နိုးသင့်ကြောင်း ဩဂုတ် ၂၂ ရက်က ထုတ်လွှင့်ပြသခဲ့သည့် ဗီဒီယိုရုပ်သံ အစီအစဉ်တစ်ခုတွင် ဟောင်ကောင်(HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ထည့်သွင်းပြောကြားခဲ့သည်။

အခြေခံဥပဒေပြဌာန်းခြင်း နှစ် ၃၀ ပြည့် ဂုဏ်ပြုအခမ်းအနားကျင်းပမှု နှင့် အခြေခံဥပဒေပြဌာန်းမှု အပေါ် ပြည်သူများ ပိုမိုနားလည်သဘောပေါက်လာစေရန်အတွက် ဟောင်ကောင်(HKSAR) အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ပြည်မကြီးရေးရာဗျူရိုက “ အခြေခံဥပဒေ၏ မူလအရင်းအမြစ်”  ၊ “ မူကြမ်း နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ” ၊ “ အခွင့်အရေးများ နှင့်လွတ်လပ်မှု” ၊ “တရားဥပဒေစိုးမိုးရေး” ၊ “ အပြည်ပြည်ဆိုင်ရာငွေကြေးဗဟိုဌာန” နှင့် “ ရှေ့သို့မျှော်ကြည့်ခြင်း”ဟူသော ခေါင်းစဉ် ၆ ရပ်ဖြင့် ပုံဖော်တင်ဆက်ထားသည့် ဗီဒီယိုရုပ်သံအစီအစဉ်တစ်ခုကို ရိုက်ကူးထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။

ဗျူရိုမှပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါ ဗီဒီယိုရုပ်သံအစီအစဉ်သည် “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” ၏ လမ်းညွှန်ချက်များအား သုံးသပ်ပြသခြင်း နှင့် အခြေခံဥပဒေ၏ မူလအရင်းအမြစ် ၊ အခြေခံဥပဒေအောက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအား ထိန်းသိမ်းစောင့်ရှောက်မှုကို တွေးတောဆင်ခြင်ခြင်း ၊ ဟောင်ကောင်အစိုးရ(HKSAR)အနေဖြင့် ၎င်း၏ အင်အားကို ထိန်းသိမ်းထားရန် ၊ ၎င်း၏ အကျိုးဖြစ်ထွန်းမှု နှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ၊ ၎င်း၏ ဒေသခံများ ပျော်ရွှင်ချမ်းမြေ့သော လူမှုဘဝ ရရှိပိုင်ဆိုင်စေရန် အခြေခံဥပဒေက စွမ်းဆောင်ပေးနိုင်မှုများကို လေ့လာစမ်းစစ်ခြင်း တို့ပါဝင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဗီဒီယိုရုပ်သံတွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက အတိတ်မှအဖြစ်အပျက်ကို မျက်မှောက်တွင် စဉ်းစားခြင်ဆင်သုံးသပ်ရာတွင် ဟောင်ကောင်သည် အချို့သော စီးပွားရေးစိန်ခေါ်မှုများကို အောင်မြင်စွာ စွမ်းဆောင်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ၊ ယင်းမှာ အခြေခံဥပဒေသည် အောင်မြင်မှုကို ဆောင်ကြဉ်းပေးနိုင်စွမ်းရှိသည်ကို ထုတ်ဖော်ပြသနေခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် လမ်းက ဟောင်ကောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲခြား၍ မရနိုင်သော အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း နှင့် ဟောင်ကောင်(HKSAR) သည်ဗဟိုအစိုးရ၏ တိုက်ရိုက် လမ်းညွှန်မှုအောက်တွင် ရှိနေကြောင်း ဆိုသည်။ သို့ဖြစ်ပါ၍ ဟောင်ကောင် နှင့် ဗဟိုအစိုးရ အာဏာပိုင်များအကြား ဆက်ဆံရေးတွင် အပြန်အလှန် နားလည်မှု နှင့် လေ့လာသင်ယူမှုဖြင့် အခြေခံဥပဒေအား အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်သွားရန် နှင့် နားလည်သိရှိရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆိုသည်။၎င်းက ဟောင်ကောင်ဒေသခံအားလုံးအနေဖြင့် ဟောင်ကောင်တွင် “ တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.