ကိုလံဘို ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ပြီးခဲ့သော ဇူလိုင်လအတွင်း အရက်သောက်ပြီး ကားမောင်းသော ယာဉ်မောင်း ၇,ဝဝဝ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ၊ နိုင်ငံတစ်ဝှမ်း ဇူလိုင် ၅ ရက်မှ စတင်ကာ ပြုလုပ်သော အထူးစစ်ဆင်ရေးအစီအစဉ်တစ်ခုတွင် အရက်သောက်၍ ကားမောင်းသူများကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း...
ပေကျင်း၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) တရုတ်ဆက်သွယ်ရေးပစ္စည်းများထုတ်လုပ်သည့် ZTE ကော်ပိုရေးရှင်းက တရုတ်နိုင်ငံဈေးကွက်အတွင်းသို့ ပထမဦးဆုံး 5G ဖုန်းဒီဇိုင်း(မော်ဒယ်) 5G စမတ်ဖုန်းများကို သြဂုတ် ၅ ရက် တွင် စတင်ရောင်းချခဲ့ကြောင်း ထို (ZTE) ကုမ္ပဏီ ၏ Wechat တွင် တရားဝင်ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်သည်။
ချီကာဂို၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် သြဂုတ် ၄ ရက်က သေနတ်ပစ်ခတ်မှု ၂ ခု ဆက်တိုက်ဖြစ်ပွားရာ လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကိုင်ရို ၊သြဂုတ် ၅ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် သြဂုတ် ၄ ရက် ညဉ့်နက်ပိုင်းက ယာဉ်မတော်တဆမှုမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ် ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တိုကျို ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) ဂျပန် နိုင်ငံ၏ ဖူကူရှီးမား စီရင်စု၌ သြဂုတ် ၄ ရက်တွင် ပြင်းအား ၆.၂ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် သွားခဲ့ကြောင်း ဂျပန် မိုးလေဝသ အေဂျင်စီထံမှ သိရသည်။
ဒိုဟာ ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နှင့် အာဖဂန်နစ္စတန်တာလီဘန် အုပ်စုတို့အကြား ၈ ကြိမ်မြောက် ဆွေးနွေးပွဲကို ကာတာနိုင်ငံ ဒိုဟာမြို့၌ သြဂုတ် ၄ ရက်တွင် ကျင်းပခဲ့ပြီး ၁၈ နှစ်ကြာ ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ခိုက်မှုများကို အဆုံးသတ်ရန် မျှော်လင့်ကြောင်း ကာတာနိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်း ကို လှိုင်သာယာဘူတာမှ လှိုင်မြစ်ကိုဖြတ်ပြီး ရန်ကုန်အရှေ့ပိုင်း ပါရမီဘူတာအထိ ဆက်သွယ်ဖောက်လုပ်မည်ဖြစ်ကာ ၂၀၂၁ ခုနှစ်တွင် စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်(Ohio) ၌ ယနေ့သြဂုတ် ၄ ရက် နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး အခြားလူ ၁၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဆိုသည်။
မနီလာ ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Iloilo ပြည်နယ် နှင့် Guimaras ပြည်နယ် တို့၏ ကမ်းလွန်ပင်လယ်ပြင်တွင် သြဂုတ် ၃ ရက်တွင် ခရီးသည်တင် စက်လှေများ တိမ်းမှောက်နစ်မြုပ်မှုများအတွင်း သေဆုံးသူ အရေအတွက်မှာ ၂၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က...