Connect with us

Politics, Law & Military

တရုတ်နိုင်ငံ က ဥရောပ အပါအဝင် နိုင်ငံ အသီးသီး အား လာရောက် ရင်းနှီးမြှုပ်နှံရန် အစဉ်အမြဲ ဖိတ်ခေါ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က တရုတ်နိုင်ငံ အနေဖြင့် ဥရောပ အပါအဝင် နိုင်ငံ အသီးသီးအား တရုတ်နိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အစဉ်အမြဲ ဖိတ်ခေါ်ပြီး ပြုပြင်ပြောင်းလဲမှုအား နက်ရှိုင်းစွာ ဆောင်ရွက်ကာ တံခါးဖွင့်မှုကို တိုးချဲ့သွားမည် ဖြစ်ကြောင်း ၊ နိုင်ငံအသီးသီးရှိ လုပ်ငန်း ကုမ္ပဏီ များ တရုတ်နိုင်ငံ တွင် လုပ်ငန်းတိုးချဲ့ရန် အတွက် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ပိုမို ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ဖန်တီး ပေးသွားမည် ဖြစ်ကြောင်း သြဂုတ် ၅ ရက် ၌ ပြောကြား ခဲ့သည်။

ဝမ်းဝန်ပင်း က တရုတ်နိုင်ငံ သည် ကမ္ဘာ့တံခါးဖွင့် စီးပွားရေး တည်ဆောက်ခြင်း ကို အဆိုပြုသော တွန်းအားပေးသော နိုင်ငံ ဖြစ်ကြောင်း ၊ ကာလတစ်လျှောက် တံခါးဖွင့်၍ တည်ဆောက်မှု လုပ်ငန်းများ အား ခိုင်မြဲစွာ ဆောင်ရွက်ခဲ့ကြောင်း ၊ ဥရောပ အပါအဝင် နိုင်ငံ အသီးသီး မှ လုပ်ငန်း ကုမ္ပဏီများ အတွက် ကောင်းမွန်သည့် ဈေးကွက်ကို ဖန်တီးပေးခဲ့ပြီး တရားဥပဒေ စိုးမိုးသော နိုင်ငံတကာ လည်ပတ်မှု ပုံစံ ကို ဖန်တီးပေးခဲ့ကြောင်း ၊ ၂၀၁၉ ခုနှစ် မှ ယနေ့အချိန် ထိ အီးယူ သည် ၁၆ နှစ် ဆက်တိုက် တရုတ်နိုင်ငံ ၏ အကြီးဆုံး ကုန်သွယ်မှု မိတ်ဖက် ဖြစ်ခဲ့ပြီး ယခင် နှစ် တရုတ်-ဥရောပ ကုန်သွယ်မှု ပမဏ သည် အမေရိကန် ဒေါ်လာ ၇၀၀ ဘီလီယံ အထိ ရောက်ရှိ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်းဝန်ပင်း က ဥရောပ သာမက အခြား နိုင်ငံများ သည်လည်း ယေဘုယျအားဖြင့် တရုတ်နိုင်ငံ စီးပွားရေး တိုးတက်မှု အလားအလာ အပေါ် အကောင်းမြင်ကြကြောင်း ၊ တရုတ်နိုင်ငံ သည် လူဦးရေ ၁.၄ ဘီလီယံ ရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး လုပ်သားအရင်းအမြစ် သန်း ၉၀၀ ရှိကြောင်း ၊ ဥရောပ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီး ရှိ လုပ်ငန်း ကုမ္ပဏီ များသည် တရုတ် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ၊ အနာဂတ် တွင် တရုတ် နိုင်ငံ ၌ ဖွံ့ဖြိုးတိုးတက်မှု ကို ဆက်လက် ဖန်တီးကာ အတူတကွ အကျိုးဖြစ်ထွန်းစေမည့် ပုံသဏ္ဍာန်ကို အောင်မြင်စွာ ရေးဆွဲ သွားနိုင်မည် ဟု ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)