Connect with us

Politics, Law & Military

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံအား ကြားဝင်စွက်ဖက်မှုဝါဒ လက်မြှောက်အရှုံးပေးရန် တိုက်တွန်း

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့၏ ကျဆုံးနေသော ကြားဝင်စွက်ဖက်မှုဝါဒကို လက်မြှောက်အရှုံးပေးရန် ဩဂုတ် ၅ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ခေါင်းဆောင်မှု အခန်းကဏ္ဍ နှင့် တရုတ်သွင်ပြင်လက္ခဏာများနှင့်အတူ တရုတ်နိုင်ငံ၏ ဆိုရှယ်လစ်စနစ်လမ်းကြောင်းအား မှားယွင်းသည်ဟု မဟုတ်မမှန်လုပ်ကြံရန် အမေရိကန်နိုင်ငံ နိုင်ငံအတွင်းရှိ အင်အားစုများသည် အစဉ်အမြဲ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာန နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ဝမ်က ထည့်သွင်းပြောကြားခဲ့သည်။

သူတို့၏ ရည်ရွယ်ချက်မှာ ရှင်းလင်းထင်ရှားပြီး တရုတ်နိုင်ငံအား မတည်မငြိမ်ဖြစ်ပေါ်စေရန် နှင့် ထိန်းချုပ်ရန် ဖြစ်ကြောင်း ဝမ်ရိက ဆက်လက်ပြောကြားခဲ့သည်။ဝမ်ရိက လာမည့်နှစ်သည် တရုတ်ကွန်မြူနစ်ပါတီ(CPC) တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် အခါသမယဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ(CPC)၏ ခေါင်းဆောင်မှုအောက်တွင် တရုတ်နိုင်ငံပြည်သူများသည် ကြီးမားသော ကြိုးပမ်းအားထုတ်မှုပြုလုပ်ခဲ့ရာ ခေတ်သစ်သမိုင်းတစ်လျှောက်တွင် အလွန်ထူးချွန်သောအောင်မြင်မှု နှင့်ထောက်ပသော အနာဂတ်စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်သည်အထိ မှတ်တမ်းဝင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်တွေ့ကျင့်သုံးမှုသည် အမှန်တရား၏ လေးနက်သော စံနှုန်းအဆုံးအဖြတ်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့ပြီး “ တရုတ်နိုင်ငံရဲ့ စနစ်က နိုင်ငံအတွက်အလုပ် လုပ်ပေးသလားဆိုတာ တရုတ်ပြည်သူတွေက တခြားလူတွေ အားလုံးထက်ပိုပြီး ကောင်းကောင်း သိမြင်ကြမှာပါ” ဟုဆိုသည်။

မကြာသေးမီနှစ်များက ကောက်ခံခဲ့သော နိုင်ငံတကာ စစ်တမ်းများစွာတွင် တရုတ်ပြည်သူများအနေဖြင့်  ၎င်းတို့၏ အစိုးရအပေါ် အပြည့်အဝ ယုံကြည်သူ အနည်းဆုံး ၉၀ ရာခိုင်နှုန်းကျော် ထိရှိနေသည်ကို ဖော်ပြခဲ့ပြီးဖြစ်ကြောင်း ဝမ်က ထည့်သွင်းပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) နှင့် တရုတ်ပြည်သူများအကြား ဆက်ဆံရေးသည် “ ရေနှင့်ငါး” ကဲ့သို့ “မြေဆီ နှင့် သစ်စေ့” ကဲ့သို့ အလွန်နီးကပ်စွာတည်ရှိကြောင်း ဝမ်က ဆိုသည်။ ယင်း ကျောက်ဆောင်ကျောက်သားကဲ့သို့ ခိုင်မာသော ဆက်နွယ်မှုကို ဖျက်ဆီးရန် ကြိုးပမ်းသူသည် မိမိကိုယ်ကိုပြန်လည်ဖျက်ဆီးသူသာဖြစ်ပြီး တရုတ်ပြည်သူ ၁.၄ ဘီလီယံ၏ ရန်သူပင်ဖြစ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ တရုတ်သွင်ပြင်လက္ခဏာနဲ့အတူ ကျွန်တော်တို့ရဲ့ ဆိုရှယ်လစ်စနစ်လမ်းကြောင်းအပေါ် ယုံကြည်မှု ခိုင်ခိုင်မာမာ ရှိပါတယ် ၊ တစ်ချိန်ထဲမှာပဲ တစ်ခြားနိုင်ငံတွေရဲ့ သူတို့ရွေးချယ်တဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းကိုလည်း ကျွန်တော်တို့ လေးစားပါတယ်” ဟု ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ဟာ ဘယ်နိုင်ငံနဲ့မဆို ထိပ်တိုက်ရင်ဆိုင်ဖို့ အတွက် ဝါဒခြင်း ပြိုင်တာ ဒါမှမဟုတ် အယူအဆခြင်း ပြိုင်တာ မျိုးလုပ်ဖို့ စိတ်မဝင်စားပါဘူး” ဟု ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။ “ ကိုယ့်လမ်းနဲ့ကိုယ်ပေါ့ ၊ တရုတ်ပြည်သူတွေရွေးချယ်ထားတဲ့ တရုတ်နိုင်ငံရဲ့ ဆိုရှယ်လစ်စနစ်ကို အမေရိကန်နိုင်ငံ အနေနဲ့ လေးစားဖို့ နဲ့ သူ့ရဲ့ မအောင်မြင်တဲ့ ကြားဝင်စွက်ဖက်မှု ဝါဒကို လက်မြှောက်အရှုံးပေး ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ” ဟု ၎င်းက ဆိုသည်။(Xinhua)