Connect with us

Culture & Entertainment

မကွေးတိုင်းဒေသကြီး  ရေစကြိုမြို့နယ်ရှိ ပခန်းကြီးမြို့ဟောင်းအား  ရှာဖွေဖော်ထုတ်ရေးများ  လုပ်ဆောင်လျက်ရှိ

ပခန်းကြီးမြို့ဟောင်း ရှိမြိုးရိုးအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) 

မကွေးတိုင်းဒေသကြီး  ရေစကြိုမြို့နယ်ရှိ ပခန်းကြီးမြို့ ဟောင်းအား  ရှာဖွေဖော်ထုတ်ရေးများ  လုပ်ဆောင်လျက်ရှိပြီး၊ နောက်တဆင့်အနေဖြင့် ပြုပြင်ထိန်းသိမ်းရန်  တိုင်းတာတွက်ချက်မှုများလုပ်ဆောင်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မကွေးဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူးဦးမြင့်သိန်းက ပြောကြားသည်။ 

အဆိုပါဒေသတွင်  သမိုင်းမတင်မီ  ကျောက်ခေတ် ကာလမှ  လူများနေထိုင်ခဲ့သော  ကြေးရိုးကုန်း၊ ရွှေဥမင် တောင်ရိုး၊ ဝါကျကုန်း စသည့်နေရာများနှင့် သမိုင်းတင် ခေတ်ဖြစ်သော ပုဂံခေတ် မှ ကုန်းဘောင်ခေတ်ထိ ဘုရား စေတီပုထိုး၊   အုတ်ကုန်း  သာသနိကအဆောက်အအုံ ၃၃၀ ခန့် တည်ရှိကြောင်း ၎င်းက ဆိုသည်။

“ရှာဖွေဖော်ထုတ်တဲ့ လုပ်ငန်းကိုဆောင်ရွက်တာ အခုဆိုမြို့ရိုးကြီးပေါ်လာပါပြီ။ ပြီးတော့ ထိန်းသိမ်းရေးကို ဆက်လက်ဆောင်ရွက်မှာပါ။ ပခန်းကြီးမြို့ဟောင်းကို ရှာဖွေဖော်ထုတ်ရေးလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့အတွက်လုပ်ဖြစ်တာပါ’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အဆိုပါပခန်းကြီးမြို့ဟောင်းအား နှစ်ပေါင်း ၂၀ ကြာပြီးနောက်ပိုင်း ယခုမှသာ ပြန်လည်ရှာဖွေဖော်ထုတ် ထိန်းသိမ်းခြင်း ဖြစ်ကြောင်း သိရသည်။ယဉ်ကျေးမှုထွန်းကားရာဒေသဖြစ်၍ ပခန်းကြီးမြို့ရိုးကိုခေတ်အဆက်ဆက် ငါးကြိမ်တိုင်ပြုပြင်ခဲ့ပြီး ညောင်ရမ်းခေတ်  မဟာဓမ္မရာဇာဓိပတိမင်း  လက်ထက်တွင် ခံတပ်မြို့အဖြစ်  တည်ဆောက်ခဲ့ကြောင်း၊ ကုန်းဘောင် ခေတ်၌ ခရိုင်အဆင့်မြို့ အဖြစ်ထားရှိခဲ့ပြီး မြို့ဝန်များခန့် ထားအုပ်ချုပ်စေခဲ့သည့် ပခန်းကြီးဒေသအနီးရှိ ရွာများ တွင် မြေ ၊ ဝါး ၊ ချည် တို့နှင့် ပြုလုပ်သည့် မြန်မာ့ရိုးရာအတတ် ပညာများထွန်းကားကာ သနပ်ခါးအလွန်ပေါသည့် ဒေသ ဖြစ်သည်ကို မှတ်တမ်းများရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မကွေးဌာနခွဲ) မှ သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117